30 C
Yangon

ညောင်ဦးတွင် ကြံ့ဖွတ် စည်းရုံးရေးမှူး၊ ပျူစောထီး မြင့်စိုးက အသက်မပြည့်သေးသော အထက်တန်း ကျောင်းသူကို မုဒိမ်းပြုကျင့်ခဲ့ပြီး ငွေကျပ် သိန်း ၇၀ ဖြင့် အမှုကျေအေးခိုင်း၊ ရဲကလည်း အရေးယူခြင်းမရှိဘဲ အမှုဖွင့်ပေးရန် ငြင်းဆန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ထနောင်းစုရွာတွင် နေထိုင်သော ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး ကျေးရွာဂေါပက အဖွဲ့ဝင် မြင့်စိုးက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်သော Grade 12 ကျောင်းသူ တစ်ဦးကို အဓမ္မ မုဒိမ်းပြုကျင့်ခဲ့ပြီး ငွေကျပ် သိန်း ၇၀ ဖြင့် အမှုကြေအေးခိုင်းခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ညောင်ဦးမြို့နယ်၊ ထနောင်းစုကျေးရွာ၊ တောင်ဝကျောင်း တဲတိုက်တွင် နေထိုင်သော အသက် ၆၀ အရွယ် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး ကွမ်းဖလားဘုရားကြီး ဂေါပက အဖွဲ့ဝင် ပျူစောထီး မြင့်စိုး (ခ) တောက်တဲ့က ၎င်းနေထိုင်ရာ နေအိမ် မြောက်ဘက်ရှိ ချောင်းတစ်ဖက်ကမ်းတွင် နေထိုင်သော G12 ကျောင်းသူကို အတင်းအဓမ္မ ခေါ်ယူပြီး ချောင်းအတွင်း ကြောင်ပန်းခင်းတောထဲတွင် အဓမ္မ မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းသူလေး၏ မိဘများက နယ်မြေတောင်ဇင်းရဲစခန်းကို တိုင်ကြားခဲ့ပြီး ရဲစခန်းက ပျူစောထီး မြင့်စိုးကို အရေးမယူဘဲ ငွေကျပ် သိန်း ၇၀ ဖြင့် ဖြတ်တာ အမှုကျေအေးခိုင်းကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်ပြီး ဒေသပြည်သူများက ကျေနပ်မှုမရှိသော်လည်း ပျူစောထီး မြင့်စိုးက အငြိုးထား၍ ဒုက္ခပေးမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

ပျူစောထီးမြင့်စိုးသည် အမျိုးသမီး ၂ ဦးနှင့် တရားဝင် ပေါင်းသင်းနေသူဖြစ်ပြီး ၎င်း၏ သား၊ သမီးများသည် Non CDM ကျောင်းဆရာနှင့် ကျောင်းဆရာမများဖြစ်ကြောင်း သိရသည်။

“ရွာသူ ရွာသားတွေကတော့ မကျေနပ်ကြဘူး။ သိန်း ၇၀ ပေးတဲ့ ရဲတွေ သူတို့ရဲ့ သမီး ဆိုရင်လော သိန်း ၇၀ ပေးလို့ရလားလို့ ပြောချင်တယ်။ ဒီမုဒိမ်းကောင်ရဲ့ အသက်က ၆၀ လောက်ရှိနေပြီ သူ့မြေးလောက် အရွယ်လေးကို မုဒိမ်းကျင့်တာလေ။ သူ့မှာလည်း သားနဲ့ သမီးတွေရှိတယ်။ သူ့သားသမီးတွေဆိုလည်း Non CDM ကျောင်းဆရာ၊ ဆရာမတွေ ဒီမုဒိမ်းကောင်က လက်ရှိ မိန်းမ ၂ ယောက်နဲ့ ပေါင်းနေတာ ဒီကောင်က ကြံ့ဖွတ် ပျူစောထီးဆိုတော့ ရဲနဲ့က သားအဖတွေလိုနေတာ ရဲစခန်းက အမှုကြေအေးပေးလိုက်တာ ဘယ်သူမှ စောဒက မတက်ရဲဘူး။ ကောင်မလေး မိဘတွေကလည်း လူရိုး၊ လူအတွေ အဲဒါကို သိလို့ စော်ကားတာ ရွာက ပြည်သူတွေကလည်း အမှုကို ဦးဆောင်ပြီး မလုပ်ရဲဘူး။ ရဲနဲ့ ပေါင်းပြီး ဦးဆောင်တဲ့ မိသားစုကို ဒုက္ခပေးမှာ ကြောက်နေကျတာ ဒီမုဒိမ်းကောင်က ဗျတ္တဈေးမှာလည်း သူ့မိန်းမနဲ့ ဈေးရောင်းတယ်။ အဲဒါကြောင့် တစ်နယ်လုံး အနေနဲ့ ဒီမုဒိမ်းကောင်ဆိုင် ဈေးမဝယ်ဖို့၊ သူ့ပစ္စည်းတွေလည်း တဆင့်ပြန်ယူ မရောင်းဖို့ ဒီမုဒိမ်းကာင်ကို လူ့အသိုင်းအဝိုင်းကနေ ဖယ်ကြင်ဖို့ တိုက်တွန်းချင်တယ်။ ဒီအမှုကိုလည်း တရားမျှတဖို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အပြစ်ပေး အရေးယူစေချင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ရဲတပ်ဖွဲ့ကလည်း မုဒိမ်းမှုကို အမှုဖွင့်လှစ်ပေးခြင်းမရှိဘဲ ကျူးလွန်သူ ပျူစောထီး မြင့်စိုးကို အရေးယူ ဖမ်းဆီးရန် မဖြစ်နိုင်ဟုသာ တုံ့ပြန်ပြောဆိုနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article