31 C
Yangon

အမရပူရ၊ ထုံးဘိုလမ်းခွဲတိုးဂိတ်တွင် ပြည်သူများထံမှ ငွေကြေး အဆမတန်တောင်းနေသော ရဲများကို လက်ပစ်ဗုံး၊ လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်၊ စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားရွာမှ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘိုလမ်းခွဲရှိ တိုးဂိတ်၌ ဆက်ကြေးကောက်နေသော စည်ပင်၊ ရဲ ပူးပေါင်းအဖွဲ့အား လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန် အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘိုလမ်းခွဲ တိုးဂိတ် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၆ ဦး ခန့်ကို လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးစုဝေးနေသည့် နေရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် လက်နက်ငယ်များဖြင့်လည်း ၂ ချက်ပစ်ခတ်တိုက်ခိုက်ကြောင်း၊ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ရဲနှင့် ဌာနဆိုင်ရာ စည်ပင်ဝန်ထမ်းများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ ထုံးဘိုလမ်းခွဲဂိတ်သည် ခရီးသွား ကားသမားများထံ မတရား ဆက်ကြေးကောက် နေသည့် အပြင် ရိုင်းပြစွာ ဆဲဆိုစစ်ဆေးခြင်း တို့လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားရွာရှိ ပျူစောထီး ထွန်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်အစောပိုင်း စဉ့်ကိုင်မြို့နယ် ၊ ကျွဲနဖားရွာရှိ အုပ်ကြီး၏ နောက်လိုက် ပျူစောထီး ထွန်းနိုင်ကို သေနတ်ဖြင့် နားထင် ၁ ချက်၊ ရင်အုံ ၁ ချက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ထွန်းနိုင်သည် အကြမ်းဖက်စစ်တပ်အတွက် ကျေးရွာတွင်းရှိပြည်သူများထံမှ စစ်မှုထမ်း ကြေး ကောက်ခံကာ အကြမ်းဖက်စစ်ကောင်စီတပ်၊ အုပ်ကြီးတို့နှင့်အတူ ခွဲတမ်းချ ရယူ သုံးစွဲနေသူ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လမ်းများပိတ်ဆို့ လုံခြုံရေးယူ စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လမ်းများပိတ်ဆို့ လုံခြုံရေးယူ စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article