23 C
Yangon

ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံး

Must read

ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကုန်းကြီးရွာ ပျူစောထီစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထိန်းစမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက်လာစဉ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အထိနာသော အကြမ်းဖက်စစ်သားများသည် ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာသား ၁ ဦး ဖမ်းဆီးကာ နံနက် ၁၀ နာရီခန့်တွင် ကုန်းကြီးရွာ ပျူစောထီးစခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“တိုက်ခဲ့တာကတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခဲ့တာများတယ်၊ လက်နက်ငယ်က နည်း နည်းလောက်ပဲ သုံးခဲ့ရတာ၊ ထိခိုက်ဒဏ်ရာရတဲ့ စခတွေများကို ကုန်ကြီးကနေ ကားနဲ့ပို့တာရော၊ ချောက်ကနေ လူနာတင်ကားနဲ့လာခေါ်လာရောရှိတယ်လို့ သိရတယ်။ သေတာကနတော့ အနည်းဆုံး ၆ ဦးထက်မနည်းရှိတယ်။ ရွာသား ၂ ဦးဆိုရင် ခေါင်းတွေချည့်တေ့ပြီး ပစ်သတ်ခဲ့တာ။ စစ်ကြောင်း ထွက်သွားပြီးတော့ အလောင်းတွေကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးပါပြီ” ဟု Chauk Guerrilla Force – C.G.F တာဝန်ခံ Ko Paing က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force ( C.G.F) ၊ ချောက်မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက် ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့်ချောက် မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article