24 C
Yangon

မြ၀တီတွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် ထိုင်းအစိုးရနှင့်ထိုင်းစစ်တပ်က တရုတ်ခရီးသွားများကို ပြန် လည် ဆွဲဆောင်ရန် ဘေးကင်းလုံခြုံရေး စီမံချက်များ ချမှတ် အကောင်အထည်ဖော်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို လူကုန်ကူးမှုများဖြစ်ပွားပြီးနောက် ထိုင်းအစိုးရနှင့်ထိုင်းစစ်တပ်က တရုတ်ခရီးသွားများကို ပြန်လည် ဆွဲဆောင်ရေးနှင့် တရုတ်ခရီးသည်များ ဘေးကင်းလုံခြုံရေး စီမံချက်များ ချမှတ် အကောင်အထည်ဖော်နေကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းခရီးသွားအာဏာပိုင်များ၊ ထိုင်းရဲ၊ စစ်တပ်နှင့် နိုင်ငံခြားရေးဌာနများအပါအဝင် ထိုင်းအစိုးရအေကဂျင်စီများကို ယနေ့ တွေ့ဆုံ၍ ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ပြန်လည် လည်ပတ်ရန်နှင့် ယုံကြည်မှုတည် ဆောက်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အစိုးရအနေဖြင့် တရုတ်ခရီးသည်များ၏ ဘေးကင်းလုံခြုံရေး ၊ ယုံကြည်မှု ပြန်လည်ရရှိရေး ကိုင်တွယ်ဖြေရှင်းရန် လုံခြုံရေးအစီအမံများကို အပြည့်အ၀ အကောင်အထည်ဖော်ပြင်ဆင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

“ကျမအနေနဲ့ တရုတ်စကားမပြောတတ်လို့ AI သုံးပြီးတော့ တရုတ်လို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်မယ်။ ကျမတို့အနေနဲ့ အားလုံး ကောင်းကောင်း ပြင်ဆင်ထားတယ်ဆိုတာ ဆက်သွယ်ပြောဆိုချင်ပါတယ်။ ထိုင်းရဲတွေနဲ့ ခရီးသွားလာရေးနဲ့ အာဏာပိုင်တွေက ခရီးသွားတွေကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ထိုင်းနိုင်ငံကို လာမယ်ဆိုရင်တော့ အားလုံး လုံခြုံစိတ်ချစွာ ပျော်ရွှင်နိုင်မှာပါ” ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် လတ်တလော တရုတ်မော်ဒယ်တစ်ဦး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကတည်းက ထိုင်း-မြန်မာနယ်စပ်တွင် ပျောက် ဆုံးနေမှုကို ရှာဖွေလျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားကြောင်း၊ ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက်ကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။

ယင်းအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လူကုန်ကူးမှု သတိပေးချက် ဆိုင်းဘုတ်များကို ဘာသာစကားအမျိုးမျိုးဖြင့်စိုက်ထူထားကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article