26 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေကို ထွက်သွားတဲ့သူတွေ များပြားနေတဲ့အပြင် ၊ သေဆုံးတဲ့သူတွေ ပါ များနေရုံတင်မက မွေးဖွားနှုန်းပါ ကျဆင်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ကျဆင်းမှုဟာ ၅၁ သန်းကျော်သာရှိတော့တယ်ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက် ပြန်ပါတယ်။

စစ်ကိုင်တိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ မုံရွာ နမခ တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်း တပ်တွေက ရှော့တိုက်ဒုံး ၄ လုံးအပြင် ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲ အနေနဲ့ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် စစ်သား ၁၅ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ စစ်သားတွေရဲ့ အလောင်းတွေကို နမခ စစ်သင်္ချိုင်းနဲ့ အလုံတပ်မြို့ သရဏဂုံ သင်္ချိုင်း ကုန်း မှာ မသာချ သဂြိုလ်လိုက်ကြတယ်လို့ CRB တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။

-ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်မှာ ပိတ်မိနေတဲ့ အကြမ်းဖက် စစ်တပ်ကောင်စီတပ်ရဲ့ ခလရ ၁၅ စစ်ကြောင်းက ဗိုလ်မှူး ကျော်စိုးနိုင်ဆိုသူ စနိုက်ပါမိပြီး ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article