23.8 C
Yangon

မုံရွာမြို့၊ စက်မှုဇုန်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး

Must read

မုံရွာမြို့၊ စက်မှုဇုန်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း၌ အိမ်စီးကားဖြင့် ကင်းပတ်နေသော အကြမ်းဖက်စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း တပ် ရင်းမှူး နတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်အချိန် မုံရွာမြို့၊ မြို့တော်ခန်းမ၌ တပ်စွဲထားသော အကြမ်း ဖက် စစ်သား ၂ ဦး ၊ အမှတ် ၂ ရဲ စခန်း၌ တာဝန်ကျနေသော ရဲ ၃ ဦးတို့သည် အိမ်စီးကားဖြင့် စက်မှု ဇုန်အတွင်း ကင်းပတ် ထွက်လာစဉ် ဟီးရိုးကွမ်းယာဆိုင်ရှေ့အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ၁၅ မီတာ အကွားအဝေးမှ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး၊ ရဲ ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁ ဦး အပြင်းအ ထန်ဒဏ်ရာဖြင့် ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

“ကားပေါ်မှာက ၅ ဦးပါ၊ ၅ ဦးလုံးမှန်တယ်၊ မလှုပ်နိုင်ဘူး။ ၄ ဦးက အဲဒီနေရာမှာတင် ပွဲချင်းပြီး သေ တယ်၊ တစ်ဦးက မသေဘူး။ ဆေးရုံမှာတင်ထားတယ်။ စခ၊ ရခနဲ့ပေါင်းပြီး ကင်းပတ်ကြတာ၊ တစ်စီး ထဲ အရင်ရောက်လာတာ။ မိနစ်ပိုင်းလေးပဲခြားတယ်၊ ကျနော်တို့က လက်နက်တက်ကောက်မယ် လုပ်တော့ တောက်လျှောက်ပစ်ပြီးတော့ အတင်းဝင်လာလို့ ချက်ချင်းပြန်ဆုတ်လိုက်ရတာ၊ အဲဒီပစ် ခတ်မှုဖြစ်တဲ့နေရာမှာ သွေးကွက်တွေရော၊ မှန်ကွဲတွေရော အခုထိရှိသေးတယ်။” ဟု မုံရွာခရိုင် အ မှတ် ၂၂ တပ်ရင်း၏ တပ်ရင်းမှူး နတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်ကူကား ၅ စီးခန့်ဖြင့် ပစ်ခတ်ကာ ရောက်ရှိလာသဖြင့် လက်နက်ကောက်ယူနိုင်ခြင်း မရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article