တောင်ပိုင်းစစ်ဒေသတွင် ၇ ရက်အတွင်း အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းကင်းစခန်းတစ်ခု သိမ်း ပိုက်မှုအပါအဝင် တိုက်ပွဲများအတွင်း စစ်သား ၂၈ ဦးသေဆုံး
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းကင်းစခန်း တစ်ခုသိမ်းပိုက်မှုအပါအဝင် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၂၈ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) ၊ KNU-KNLA၊ အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံး၍ ၄၅ ဦးနှင့် အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း မြဝတီမြို့သို့ ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေ ယျစစ်ကြောင်းမှ ကော့ကရိတ်-အာရှလမ်းရှိ ရှေ့တန်းယာယီတပ်စခန်းငယ် တခုကိုလည်း တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်ကောင်စီတပ်သားများ အသုံးပြုသည့် လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်းနှင့် ခဲယမ်းမျိုးစုံနှင့် အခြား စစ်ဘက်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။
မြေပြင်တွင် အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကိုပါ မချန် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုတိုက်ခိုက်နေကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ