25 C
Yangon

သာယာဝတီ၊ ရေတွင်းကုန်းရွာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သား သစ် ကိုချစ်နန်း ရခိုင်တိုက်ပွဲအတွင်း သေဆုံး၊ လက်ပံတုန်း ကျေးရွာ အုပ်စုမှ ပေါ်တာဆွဲခံရသော လူငယ် ၁၅ ဦး လည်း မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းရွာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်ထဲအသွင်းခံရသော စစ်မှုထမ်း တပ်သားသစ်ကိုချစ်နန်းသည် ရခိုင်တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ရေတွင်းကုန်းရွာမှ ကိုချစ်နန်း ရခိုင် ပြည်နယ် ရှေ့တန်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း ကိုချစ်နန်း၏ မိခင်ဖြစ်သူထံသို့ စစ်တပ်က လာရောက်အကြောင်းကြားခဲ့ကြောင်း၊ ကိုချစ်နန်း မည်သို့ သေဆုံးခဲ့ပြီး အလောင်းကို မည်သို့ သဂြိုလ်ခဲ့သည်ကို အသိမပေးကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ မေလတွင် ကိုချစ်နန်းကို စစ်တပ်က နေအိမ်အတွင်း အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၇ လ အကြာတွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရကြောင်း၊ ရခိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရပြီးနောက် မိခင်ဖြစ်သူနှင့် အဆက်အသွယ် ပြတ် တောက်ခဲ့ကြောင်း၊ ကိုချစ်နန်းအောင်ကို စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးစဉ် အမေတစ်ခုသား တစ်ခု ဖြစ်သောကြောင့် ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုလုပ်ရန် ငိုယို တောင်းပန်ခဲ့သော်လည်း စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကိုချစ်နန်းနှင့် အတူ ဖမ်းဆီးခံရသော မောင်ဝင်းလွင် ဆိုသူလည်း ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ဒဏ်ရာရရှိကာ မင်္ဂလာ ဒုံ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု စစ်တပ်က မိသားစုဝင်များကို အကြောင်းကြားခဲ့ကြောင်း၊ ထို့ကြောင့် မောင်ဝင်းလွင်၏ မိသားစုဝင်များက မင်္ဂလာဒုံဆေးရုံသို့ သွားရောက်တွေ့ဆုံရန် ကြိုးပမ်းရာတွင် တွေ့ဆုံခွင့်မရဘဲ မောင်ဝင်းလွင်ကို ဒဏ် ရာ သက်သာသွား၍ ရှေ့ တန်း ပြန်ပို့လိုက်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အလားတူ လက်ရှိအချိန် လက်ပံတုန်းကျေးရွာအုပ်စုမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားသော လူငယ် ၁၅ ဦးသည်လည်း မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေ၍ မိဘဖြစ်သူများက စိုးရိမ် ပူပန်နေကြကြောင်း သိရှိရသည်။

“လက်ပံတုန်းအုပ်စု ရေတွင်းကုန်းရွာသား မောင်ချစ်နန်းဆိုသူ ရခိုင်စစ်မျက်နှာမှာ ကျဆုံးသွားပြီလို့ မိခင်ဖြစ်သူထံ မနေ့ကပဲအကြောင်းကြားလာတယ်လို့ သိရတယ်။ သူက ၂၀၂၄ ခုနှင့် ၅ လပိုင်း ည ၁၀ နာ‌ရီလောက်မှာ စစ်တပ်က အတင်းအဓမ္မ ဝင်ရောက် ဖမ်းဆီးခြင်း ခံရတဲ့ကလေးပါ။ စစ်မှုထမ်း ၇ လပဲရှိသေးတယ်။ အခုတော့ ရှေ့တန်းမှာ ကျဆုံးသွားပြီဆိုတော့ ကျန်ရစ်တဲ့ မိခင်ကြီးအတွက် စိတ်မကောင်းဘူး။ သူတို့က အမေတစ်ခုသားတစ်ခုဘဝ‌ပါ။ မောင်ချစ်နန်းနဲ့ တစ်ညတည်း အဖမ်းခံရတဲ့ မောင်ဝင်းလွင်ဆိုသူကတော့ ဒဏ်ရာနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကုသနေတယ်လို့ မိသားစုကို ဆက်သွယ်လို့ ဇနီးဖြစ်သူက ဆေး ရုံကို လိုက်သွားတာ ဒဏ်ရာ သက်သာလို့ ရှေ့တန်းကို ပြန်ထွက်သွားပြီဆိုလို့ မတွေ့လိုက်ရတော့ဘူး။ ယခုလက်ရှိ လက်ပံတုန်း အုပ်စုက စစ်မှုထမ်းဥပဒေနဲ့ အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးထားသူ ၁၅ ဦးခန့်ရှိနေပြီး အများစုက မိသားစုနဲ့ အဆက်သွယ်ပြတ်နေကြပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ရေတွင်းကုန်းရွာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော ကိုချစ်နန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရေတွင်းကုန်းရွာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော ကိုချစ်နန်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article