25 C
Yangon

မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် မထွက်သွားလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် အမိန့်ဖြင့် အကြမ်း ဖက် စစ်တပ်က အတင်းအဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် ထွက်ခွာခြင်း မရှိလျှင် ပစ်ခတ်မည်ဟု ပြည်သူများကို ခြိမ်းခြောက်ပြောဆိုလာကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို စစ်တပ်က ဇန်နဝါရီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရန်၊ ကျူးကျော်နေအိမ်များဖြစ်၍ အမြန်ဆုံး ဖယ်ရှားကြရန် ခြိမ်းခြောက် အကြောင်းကြားစာများ လိုက်လံပေးပို့လျက်ရှိကြောင်း၊ ထိုသို့ အကြောင်းကြားစာများ လိုက်လံပေးပို့စဉ် စစ်တပ်က ပြည်သူများအနေဖြင့် နေအိမ်များမှ အသာတကြည် ထွက်ခွာခြင်းမရှိလျှင် ပစ်ခတ်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသော နေအိမ်များမှာ လွန်ခဲ့သော ၈ နှစ်ကပင် မြေပိုင်ရှင် အဆင့်ဆင့်ထံမှ လွှဲပြောင်း ရောင်းဝယ်ယူထားသော နေအိမ်များဖြစ်ပြီး နေထိုင်သူများမှာ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စားများဖြစ်ကြောင်း၊ အတင်းအကျပ် စစ်တပ်က ခြိမ်းခြောက် ပြောင်းခိုင်းနေသည့်အတွက် ရပ်ကွက်နေ ပြည်သူများမှာ မည်သည့်နေရာကို ပြောင်းရွှေ့ရမည်ကို မသိရှိကြဘဲ ငိုယို ထိတ်လန့်စိုးရိမ်နေကြကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း အသာ တကြည် မပြောင်းလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထား၍ ပြည်သူများ ကြောက်လန့်နေကြောင်း သိရှိရသည်။

“မော်လမြိုင်မြို့ မြို့ရှောင်လမ်းက ပြည်သူပိုင် နေအိမ်တွေကိုအတင်း ဖယ်ရှားခိုင်းနေတယ်။ နယ်လုံဝန်ကြီး အမိန့်နဲ့ဆိုပြီး စစ်ခွေးအုပ်စုနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြည်သူတွေကို အကြပ်ကိုင် ခြိမ်းခြောက်ပြီး အတင်းဖယ်ခိုင်းနေတယ်။ အိမ်ခြေက ၅၀၀ နီးပါး ဝန်းကျင်ရှိတယ်။ ကျနော်တို့ အခေါ်ကျ အုတ်ဖိုရပ်ကွက်လို့ ခေါ်ပါတယ်။ သူတို့အမည်တပ်ထားတာက ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက အကွက်ရိုက်လို့ ပြည်သူတွေဝယ်ထားတာ မြေပိုင်ရှင်ကနေ မြေအရောင်းအဝယ်လုပ်တဲ့ သူတွေရောင်းတယ်။ အဲကနေ တဆင့်တဆင့် ဝယ်ကြတာ အဲမှာနေတဲ့ ပြည်သူတွေက အကုန်မရှိတဲ့သူတွေ စားဖို့တောင်မနည်းရုန်းကန်နေရတာ သူတို့မှာ ရှိစုမှတ်စုနဲ့ ဝယ်ထားကြတာ အကုန်စိတ်သောက ရောက်နေရှာတယ်။ အတင်းခြိမ်းခြောက်ပြီးတော့ စစ်ခွေးတွေက တခုခုဆို ပစ်မိန့်ပါ ပါတယ်ဆိုပြီး ပြောနေလို့ ပြည်သူတွေ ကြောက်လန့်နေကျပါတယ်။ တစ်ခုခု ရုန်းရင်းဆန်ခက်ဖြစ်ရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်သူ့နေအိမ်များ ဖျက်သိမ်းအမိန့် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက နေအိမ်များ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ပြည်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article