24 C
Yangon

နေပြည်တော်စစ်ရုံး အနီး လည်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင် အကွက်ဖော် ရောင်းချခဲ့သော သစ်တပ်ရွာမှ စစ်တပ်အရာရှိများနှင့် အငြိမ်းစားများ ပိုင်ဆိုင်သော ဆိုင်ခန်းနှင့် နေအိမ်များကို ချက်ချင်း ဖျက်သိမ်းပေးရန် စစ်ကောင်စီက အမိန့်ထုတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (စစ်ရုံး)အနီး ပင်လောင်းလမ်းဆုံထိပ် ရန်ကုန်- မန္တလေး လမ်းဟောင်းဘေး သစ်တပ်ရွာ မျက်နှာစာရှိ စစ်အရာရှိများနှင့် အငြိမ်းစားများ ပိုင်ဆိုင်သော ဆိုင်ခန်းနှင့် နေအိမ်များကို အကြမ်း ဖက် စစ်ကောင်စီက ဖျက်သိမ်းပေးရန် အမိန့်ထုတ်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလပိုင်းမှစ၍ နေပြည်တော် စစ်ရုံးအနီး သစ်တပ်ရွာ မျက်နှာစာရှိ စစ်အရာရှိများနှင့် အငြိမ်းစားများ ပိုင် ဆိုင်သော ဆိုင်ခန်းနှင့် နေအိမ်များကို စစ်ကောင်စီ၏ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ဖြင့် ဖျက်သိမ်းပေးရန် အမိန့်ထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျက်သိမ်းပေးရန် အမိန့်ထုတ်ထားသော နေအိမ်နှင့် ဆိုင်ခန်းများသည် နှစ် ၂၀ နီးပါး ကြာမြင့်စွာ တည်ရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လျော်ကြေး တစုံတရာ ပေးဆောင်ခြင်းမရှိဘဲ ဖျက်သိမ်းခိုင်းခြင်းဖြစ်ကြောင်း၊ ယင်းမြေနေရာများကို စစ်တပ်မှ အရာရှိများ၊ အငြိမ်းစားများက လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင် အကွက်ဖော်ရောင်းချစဉ်က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တချို့နေအိမ်နှင့် ဆိုင်ခန်းများသည် စတင် ဖျက်သိမ်းနေပြီး အကြမ်းဖက် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သူများဖြစ်သောကြောင့် လျော်ကြေး တစုံတရာ မရရှိ၍ ကျေနပ်မှု မရှိသော်လည်း ထုတ်ဖော်ပြောခြင်းမရှိဘဲ အဆောက်အဦးများကိုပါ ဖြိုဖျက်၍ ရွှေ့ပြောင်းရန် လုပ်ဆောင်နေကြကြောင်း သိရသည်။

“နေပြည်တော်စစ်ရုံးအနီး သစ်တပ်ရွာ မျက်နှာစာ အဆောက်အဦးတွေ အားလုံးဖျက်ပေးရမယ် အမိန့်ထွက်လာလို့ စပြီး ဖျက်နေကြပါပြီ စားသောက်ဆိုင်တွေ တည်းခိုခန်းတွေနဲ့ လူနေအိမ်တိုက်တွေ အားလုံးပဲ အမိန့်စာကို ဗိုလ်ချုပ်အောင်လင်းဒွေးလက်မှတ်ထိုးပြီး ထုတ်တယ်လို့ သိရတယ်။ အဖျက်ခံရတဲ့ နေအိမ် တိုက်တာဆိုင်ခန်း ၄၀ နီးပါးရှိပြီး လျော်ကြေး တစုံတရာ မရဘူးလို့ သိရတယ်။ အဖျက်ခံရတဲ့ အိမ်ပိုင်ရှင်တွေ အားလုံးနီးပါးက စစ်တပ်က အရာရှိ နဲ့ အငြိမ်းစားတွေ လယ်ဆည်ဝန်ကြီး မြင့်လှိုင် အကွက်ဖော်ရောင်းခဲ့တဲ့ အကွက်တွေလို့ သိရတယ်။ ဖျက်ဖို့စာကျတာ ၂ လနီးပါးရှိပြီ အဖျက်ခံရတဲ့ ပိုင်ရှင်အများစုက တပ်ဘက်ကဆိုတော့ အသံမထွက်ကြတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဆိုင်ခန်းနှင့်နေအိမ်များကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖယ်ရှားခိုင်းနေခြင်းဖြစ်ပြီး တပ်မိသားစုများ နေထိုင်သော နေရာများ ဖြစ်သည်ကို သိလျက်နှင့်ပင် စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article