ရန်ကုန်၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေး လမ်းပိုင်းတွင် စစ်ကိုင်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းနှင့် အက်ဆစ်တင်ကားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Brave Heart Army-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် နေ့တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော Acid tanker trucks ကားများ ၊ အကြမ်းဖက်စစ်တပ် Jammer ကား ၈ စီး နှင့် စစ်တပ် အရာရှိများ လိုက်ပါလာ သည်ဟု ယူဆရသော မှန်လုံ Express ကား ၃ စီးတို့ကို မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း တစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း Acid tanker trucks ကားများ၊ မှန်လုံ Express ကားများထိခိုက် ပျက်စီးခဲ့ပြီး စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ယာဉ်တန်း ကို လုံခြုံရေး ယူပေးရန် လိုက်ပါလာသော Jammer ကားပေါ်မှ စစ်သားများ ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army-BHA ရဲဘော်များမှဦးဆောင်ပြီး Chindwin Fighter Group-CFG ရဲဘော်များနှင့်အတူ လက်တွဲညီညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar