26 C
Yangon

မြန်မာနိုင်ငံမှ ပြည်တွင်းစစ် လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေးအရေးကိစ္စဟု သမ္မတထရမ့် အဆိုပြုထားသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြောဆို

Must read

မြန်မာနိုင်ငံမှ ပြည်တွင်းစစ် လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေးအရေးကိစ္စဟု သမ္မတထရမ့် အဆိုပြုထားသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံမှ ပြည်တွင်းစစ်မှာ လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေး အရေးကိစ္စဖြစ်ကြောင်း အမေရိကန် သမ္မတထရမ့် က အဆိုပြုထားသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Elise Stefanik က ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရှေ့တွင် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး မည်သို့ ကိုင်တွယ်မည်ကို လာရောက်ရှင်းပြစဉ် ၎င်းက မြန်မာ့အရေးကို ထည့်သွင်း ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်တွင်းစစ်သည် လူ့အခွင့်အရေးအတွက် ရပ်တည်ပြောဆိုရာတွင် ထိပ်တန်းဦးစားပေးများတွင် ပါဝင်ရန် လို အပ်ကြောင်း ၎င်းက ပြောသည်။

အမေရိကန် သမ္မတထရမ့်က အဆိုပြုထားသော Elise Stefanik ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် အတည်ပြုရန် အမေရိကန် အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article