30 C
Yangon

တနင်္သာရီ၊ ပဝရွာနှင့် အရှေ့သာရဖုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၂ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝရွာနှင့် အရှေ့သာရဖုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၇ ဦးမှာလည်း အသေးစား ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ အရှေ့သာရဖုံ ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ပြင်းထန် ဒဏ်ရာရရှိထားသော ပြည်သူ ၅ ဦးနှင့် အသေးစား ထိခိုက် ဒဏ်ရာ ရရှိထားသောကြောင့် ပြည်သူများကို နီးစပ်ရာ ကျန်းမာရေး စောင့်ရှောက်မှုနေရာများသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ အခြေအနေများကို ဆက်လက် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

“ပဝကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်တာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိတယ်။ ထိခိုက် ဒဏ်ရာ အသေးစားတချို့လည်း‌ ရရှိတာ ပြည်သူ ၇ ဦးလောက် ရှိတယ်။ အရှေ့သာရဖုံကျေးရွာကိုတော့ စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့တယ်။ အသက်၂၀ ဝန်းကျင်အမျိုးသမီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပါတယ်။ ထိခိုက်ထားသူတွေကို နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှု နေရာတွေဆီ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်” ဟု People’s Defense Force- မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article