30 C
Yangon

ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းနှင့် မီးတိုင် ၁ တံတားစခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းနှင့် မီးတိုင် ၁ တံတားစခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် – MSRF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က ရေးမြို့နယ် ၊ ခေါဇာမြို့ရှိတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ – ၃၁ တပ်ရင်းနှင့် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲ ထား သော မီးတိုင် ၁ တံတားစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“အဓိက တိုက်တဲ့နေရာက မီးတိုင် ၁ တံတားစခန်းပါ၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ တပ်ရင်း တိုက် တာ၊ တပ်ရင်း သိမ်းဖို့အစီအစဉ်နဲ့ သွားတာမဟုတ်ပါဘူး။ မီးတိုင် ၁ စခန်းက တံတားကို ဖြတ်ကျော် နေတဲ့ ပြည်သူတွေကို မတရား နှိပ်စက်မှုတွေ ၊ ပိုက်ဆံတောင်းမှုတွေရှိတယ်၊ ပြည်သူတွေကို ဒုက္ခ အမျိုးမျိုးပေးနေတယ်၊ အဲဒါကြောင့် အဲဒါကြောင့် သွားပြီးတော့ ရှင်းတာဖြစ်တယ်၊ကျနော်တို့က တိုက်ပြီးတော့ ပြန်ခွာတယ်၊ ပြီးလို့ရှိရင်တပ်ရင်းကို သွားတိုက်တယ်၊ စစ်ကူလာလို့ ပြန်ဆုတ်တာ မဟုတ်ပါဘူး။ ရန်သူတပ်ရင်းနဲ့လည်း အရမ်းနီးလို့ ရန်သူတပ်ရင်းကို ဖြတ်တောက်တဲ့ပုံစံနဲ့ တိုက်ခဲ့ တာပါ” ဟု မွန်ပြည်တော်လှန်ရေးတပ် – MSRF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက် ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ပြန်လည် ခွာစစ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ခလရ ၃၁ နှင့် ပင်လယ်အတွင်းရပ်နားထားသည့် သင်္ဘောပေါ် တို့ မှ ညနေပိုင်းအထိ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ခေါဇာမြို့အနီးပတ်ဝန်းကျင်ရှိ ပြည်သူအချို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article