25 C
Yangon

လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ လောင်းကစားဝိုင်းကို ပကဖ က ဝင်ရောက် ဖမ်းဆီး၊ သိမ်းဆည်းရရှိသော ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုမည်

Must read

လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ လောင်းကစားဝိုင်းကို ပကဖ က ဝင်ရောက် ဖမ်းဆီး၊ သိမ်းဆည်းရရှိသော ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးခဲ့ပြီး သိမ်းဆည်းရရှိသော ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာ၌ နတ်ပွဲ အကြောင်းပြကာ သီးခြားပြုလုပ်နေသည့် လောင်းကစားဝိုင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူများနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကစား ငွေကြေးများကို သိမ်းဆည်းရရှိခဲ့ပြီး သီးခြား ဒဏ်ကြေးငွေပေးဆောင်စေ၍ နောက်နောင် လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ ပါ၀င်ကစားခြင်းများမပြုလုပ်ရန် ခံ၀န်ကတိပြုလက်မှတ်ရေးထိုးစေကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းများ လုံးဝ မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ကာ လောင်းကစားဝိုင်းများဆက်လက်ပြုလုပ်နေမည် ဆိုပါက ပြင်းထန်းစွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

“အခုချိန်က တစ်နိုင်ငံလုံး စစ်ဘေးသင့် ဒုက္ခဆင်းရဲဖြစ်နေချိန်မှာ အသိတရားရှိဖို့ ကောင်းတာပေါ့။ လောင်းကစားဝိုင်းတွေမှာကုန်မယ့် ငွေကြေးအစား စစ်ဘေးရှောင်တွေ တော်လှန်ရေးအဖွဲ့အစည်းတွေ ပံ့ပိုးတာဖြစ်ဖြစ် ကိုယ့်ရပ်ရွာအကျိုးရှိမယ့်နေရာတွေမှာသုံးတာဖြစ်ဖြစ် လုပ်ကြစေချင်တာပေါ့။ ဒီလောက်များပြားတဲ့ငွေကြေးတွေနဲ့ဆို တော်လှန်ရေးအတွက်အများကြီးအထောက်အကူဖြစ်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

လောင်းကစားဝိုင်းများ ဖမ်းဆီးရမိမှုမှ လောင်းကစားငွေ စုစုပေါင်း ၂၄,၂၈၅,၇၅၀ ကျပ် သိမ်းဆည်းရမိခဲ့ပြီး ၎င်းငွေကြေးများကို တော်လှန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရဲဘော်ရှဲဒိုးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article