32 C
Yangon

မိုင်းတွမ်း ခမရ ၅၅၄ မှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ ရယူ သုံးဖြုန်းနေ

Must read

မိုင်းတွမ်း ခမရ ၅၅၄ မှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ ရယူ သုံးဖြုန်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတွမ်းဒေသရှိ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၅၅၄ တပ်ရင်းတွင် တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ သုံးဖြုန်းနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ခမရ ၅၅၄ မှ ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၅၄ ကျောင်းဆင်း ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက တပ်ရင်းရှိ ခွင့်မဲ့ စစ်သည်များ၏ လစာများကို လိမ်လည် ထုတ်ယူသုံးစွဲခြင်း၊ ခွင့်မဲ့များကို အထက်သို့ မတင်ပြခြင်း၊ ကယား-လားရှိုးသို့ ရှေ့တန်း ထွက်တုန်းသည် စစ်သားများ၏ လစာကို ရှေ့တန်းမပို့ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှေ့တန်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သော နေအိမ်နှင့် အဆက်အသွယ်မရသော လူပျိုစစ်သည်များက အပ်နှံထားသော လစာများနှင့် ဘဏ်စုငွေများကို လိမ်လည်သုံးစွဲခြင်း၊ ကျဆုံးစစ်သည် အိမ်ထောင်သည်များ၏ ထောက်ပံကြေးငွေများကို ချက်ခြင်းမပေးဘဲ အထက်မှ မပေးသေးဟု ဆိုကာ ကိုယ်ကျိုးအတွက် လိမ်လည်သုံးစွဲခြင်းနှင့် မိုင်းဆက် KBZ ဘဏ်တွင် ပိုက်ဆံများကို တပ်ရင်း ပိုက်ဆံအဖြစ်ထည့်ပြီး ကိုယ်ကျိူးအတွက် သုံးစွဲခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

တပ်ရင်းအနီးရှိ ကျေးရွာများထံမှလည်း တပ်ရင်းအတွက်ဟုဆိုကာ အလှူငွေများ ကောက်ခံပြီး ကိုယ်ကျိုးအတွက် သုံးစွဲခြင်းများလည်း လုပ်ဆောင်ပြီး တပ်ရေး ဗိုလ်ကြီး ဆောင်ရွက်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးသည် အမျိုးသမီး စစ်သည်များကိုလည်း မိုက်ရိုင်းစွာ ဆက်ဆံခြင်းများ လုပ်ဆောင်ကြောင်း၊ တပ်ရင်းတွင် ငွေစာရင်း လာစစ်သော သူများကို တပ်ရေးဗိုလ်ကြီးက ထဲထဲဝင်ဝင် မစစ်ဆေးအောင် ပိုက်ဆံနှင့် အရက် အစားအစာများဖြင့် လာဘ်ထိုးခြင်းများလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

“စကခ ၁၄ ရဲ့ လက်အောက်ခံ တပ်ရင်း ခမရ ၅၅၄ မှာ တပ်ရေးဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက တပ်ရင်းထဲမှာရှိတဲ့ ခွင့်မဲ့ စစ်သည်တွေရဲ့ လစာတွေကို လိမ်လည် ထုတ်ယူသုံးစွဲတယ်။ ခွင့်မဲ့တွေကိုလည်း အထက်မတင်ပြဘူး။ ကယားနဲ့ လားရှိုး ရှေ့တန်း ထွက်တုန်းက စစ်သည်တွေရဲ့ လစာကို ရှေ့တန်းမပို့ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းတွေ ရှေ့တန်းမှာ ကျဆုံးသွားတဲ့ လူပျိုစစ်သည်တွေက သူထံအပ်နှံထားတဲ့ လစာတွေကိုလည်း ဘဏ်စုငွေတွေကိုလည်း လူပျိုကျဆုံး စစ်သည်ရဲ့ အိမ်နဲ့ အဆက်အသွယ် မရရှိတဲ့ သူတွေရဲ့ ပိုက်ဆံတွေကို လိမ်လည်သုံးစွဲပါတယ်။ ကျဆုံးစစ်သည် အိမ်ထောင်သည်တွေကို ထောက်ပံ့ကြေးငွေ ချက်ချင်မပေးဘဲ အထက်မှမပေးသေးဆိုပြီး ကိုယ်ကျိုးအတွက် လိမ်လည်သုံးစွဲပါတယ်။ အမျိုးသမီး စစ်သည်တွေ အပေါ်ကိုလည်း မိုက်ရိုင်းစွာ ဆက်ဆံပါတယ်။ အမျိုးသမီး စစ်သည်တွေက မခံနိုင်လို့ တရားမျှတမှု ရရှိနိုင်ရေးအတွက်ပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ခမရ ၅၅၄ တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article