အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်၊ သု၀ဏ္ဏအားကစားကွင်းတွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် တက်နေပြီး လုံခြုံရေး တင်းကျပ်ထား
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်ကုန်မြို့ ၊ သု၀ဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲတော် တက်နေပြီး လုံခြုံရေး တင်းကျပ်ထားထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ပြုလုပ်သည့် တရုတ် နှစ်သစ်ကူးပွဲသို့ တက်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“သင်္ဃန်းကျွန်းနဲ့ သကေတမှာ မီးလည်းမပြတ်ဘူး။ လမ်းကြောင်းတွေလည်းရှင်းနေတယ်။ ဆိုက်ကား လမ်းဘေးဆိုင် ဆိုင်ကယ်ကယ်ရီတွေ အကုန် ရှင်းထားတယ်။ လမ်းပေါ် ပေးမတက်ဘူး။ လမ်းပေါ်နဲ့ မီးပွိုင့်တိုင်းမှာ စစ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေချည်းပဲ။ လမ်းတွေလည်း ပိတ်ထားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း အင်လျားလိတ်ဟိုတယ်တွင် တရုတ်နှစ်သစ်ကူးပွဲ လုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်ခဲ့သည်။