26 C
Yangon

တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး နေလင်းက KTV ၊ Bar ၊ ကားဂိတ်များနှင့် ဆီဆိုင်များထံမှ လစဉ် ငွေကျပ် သိန်း ထောင်ချီ တောင်းခံပြီး ကိုယ်ကျိုးရှာနေ

Must read

တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး နေလင်းက KTV ၊ Bar ၊ ကားဂိတ်များနှင့် ဆီဆိုင်များထံမှ လစဉ် ငွေကျပ် သိန်း ထောင်ချီ တောင်းခံပြီး ကိုယ်ကျိုးရှာနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ၁ ဗိုလ်မှူး နေလင်းက KTV ၊ Bar ၊ ကားဂိတ်များနှင့် ဆီဆိုင်များထံမှ လစဉ် ငွေကျပ် သိန်း ထောင်ချီ တောင်းခံပြီး ကိုယ်ကျိုးရှာနေကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်မှူး နေလင်းကို တန့်ယန်းမြို့နယ်အတွင်းရှိ Bar များနှင့် KTV များထံမှ လစဉ် ဆက်ကြေး တစ်ဆိုင်လျှင် ငွေကျပ် ၁၉ သိန်း တောင်းခံပြီး 121 Bar နှင့် Ok Bar များကိုလည်း ကျောထောက်နောက်ခံ ပေးထားကာ Ok bar မှလည်း တစ်လလျှင် ငွေကျပ် ၆၅ သိန်းရရှိကြောင်း၊ 121 Bar မှလည်း ရှယ်ယာအမြတ်ထဲမှ ၎င်းကို ခွဲဝေပေးရပြီး ဂေါက်ကွင်းတွင် ဖွင့်လှစ်ထားသော City Night KTV ဆိုင်မှလည်း တစ်လ လျှင် ၁၆ သိန်း ရရှိကြောင်း၊ City night KTV သည် တန့်ယန်းတွင် လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသော်လည်း နေလင်းမှကျောထောက်နောက်ခံပေးထားခြင်းဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့တွင် နေလင်းထံ ငွေကြေး မပေးဘဲ ဖွင့်လှစ်ထားသော Bar နှင့် KTV များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား စေလွှတ်၍ ပိုင်ရှင်များ ဆိုင်ပိတ်သိမ်းရသည်အထိ နည်းမျိုးစုံ ဒုက္ခပေးပြီး မြို့ပေါ်တွင် မည်သည့် လုပ်ငန်း လုပ်ကိုင်သူဖြစ်စေ နေလင်းထံ ငွေကြေး ပေးဆောင်ရပြီး ၎င်းထံ ငွေကြေးပေးအပ်သူ အားလုံးကို ကျောထောက်နောက်ခံပေးကာ မည်သည့် စီးပွားရေး မဆို စိတ်ကြိုက် လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရှိရသည်။

ထို့ပြင် တန့်ယန်းမြို့ကိုလာသည့် ကားဂိတ်များတွင်လည်း ၁၃ မျဉ်စောင်းမဟုတ်သော ခရီးသည်တင် ကား ၁ စီးလျှင် ရန်ကုန်မှလာလျှင် ငွေကျပ် ၄ သိန်း ၅ သောင်း၊ မန္တလေးမှလာလျှင် ငွေကျပ် ၄ သိန်းနှင့် တောင်ကြီးမှလာလျှင် ငွေကျပ် ၄ သိန်း တောင်း ခံနေပြီး ပြည်ငြိမ်းဆန်း၊ Crown ၊ မိုးထက်အာကာ ၊ ရွှေလားရှိုး နှင့် Gi Group မှ ခရီးသည်ကားများ နေ့စဉ် ငွေကြေးပေးနေရကြောင်း သိရသည်။

တန့်ယန်းမြို့ရှိ ဆီဆိုင် လိုင်စင်ရရှိထားသော ပတ္တမြားဆီဆိုင်၊ မိုးဆမ်းပန်းပံဆီဆိုင် နှင့် လိုင်စင်မရှိသော ဆီဆိုင် ၁၆ ဆိုင် ရှိကာ စက်သုံးဆီသွင်းလျှင် ကား ၁ စီးကို ငွေကျပ် သိန်း ၃၀ နေလင်းထံ ပေးရပြီး လိုင်စင်မရှိသော ဆီဆိုင်များ ဆီသွင်းလျှင် ဆီဘောက်စာ ကားနှင့် တင်သွင်းပါက နေလင်းထံ လက်မှတ်ထိုးခိုင်းရပြီး လက်မှတ်ထိုးခ ငွေကျပ် သိန်းဆယ်ချီ တောင်းခံပြီး တင်သွင်းသော ကားဖြတ်သန်းခများပါ ထပ်မံ ကောက်ခံကြောင်း သိရှိရသည်။

“တန့်ယန်းမှာက စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှုး နေလင်းနဲ့ အဆင်ပြေရင် ကြိုက်တာ လုပ်လို့ရတယ်။ ဒီမြို့မှာ ဘာစီးပွားရေး လုပ်လုပ် သူ့ဆီဝင်ရတယ်။ မြို့မှာ သူတာဝန်ကျတာ ၁၀ နှစ်ကျော်ပြီ သူ့ကို မပေးရင် နောက်ကွယ်ကနေ ဒုက္ခပေးတယ်။ သူ့ကို ပိုက်ဆံမပေးတဲ့ Bar တွေ KTV တွေဆို အမျိုးမျိုးရစ်ပြီး ပြသာနာ ရှာပါတယ်။ 121 bar တို့ Ok bar တို့ ဆိုလည်း သူက ကျောထောက်နောက်ခံ ပေးထားတော့ ဘယ်သူမှ မထိရဲဘူး။ Ok bar ဆို တစ်လ ၆၅ သိန်းပေးရတယ်။ 121 Bar ဆိုလည်း ရှယ် ယာအမြတ်သူ့ကို ပေးရတယ်။ ဂေါက်ကွင်းမှာ ဖွင့်တဲ့ City Night KTV ဆိုလည်း သူ့ကို တစ်လ ၁၆ သိန်း ပေးရတယ်။ စက်သုံးဆီ သွင်းရင်လည်း သူ့ကို တစ်စီး သိန်း ၃၀ ပေးရပါတယ်။ တန့်ယန်းမှာ ဆီဆိုင်လိုင်စင်ရှိတာက ပတ္တမြားဆီဆိုင်နဲ့ မိုးဆမ်းပန်းပံဆီဆိုင်ပဲ ရှိတယ်။ ကျန်တဲ့ ဆီဆိုင် ၁၆ ဆိုင်က လိုင်စင် မရှိဘူး။ လိုင်စင်မရှိတဲ့ဆိုင်တွေ ဆီသွင်းမယ် ဆီဘောက်ဆာကား နဲ့ သယ်မယ်ဆို သူ့ကို လက်မှတ်ထိုးခိုင်းရတယ်။ လက်မှတ် ထိုးခ အနေနဲ့ သိန်းဆယ်ချီ ပေးရတယ် မပေးရင် မထိုးပေးဘူး။ တန့်ယန်းမှာရှိတဲ့ ကားဂိတ် တွေလည်း ၁၃/ မဟုတ်ဘဲ တန့်ယန်းကို လာမယ်ဆို ခရီးသည်တင်ကား ၁ စီးကို ငွေကျပ် ၄ သိန်းကျော်တောင်းပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ – တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ၁ ဗိုလ်မှူး နေလင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article