28 C
Yangon

ရေတာရှည်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး

Must read

ရေတာရှည်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အိုးမြေတူးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၁၁ နာရီ ၃၀ မိနစ်မှ စတင်၍ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ထိ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း နှင့် (၃၅၀၂) ကီးကူစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ၃၅၀၂ စစ်ကြောင်းများအနေဖြင့် စစ်အာဏာရှင်အမြစ်ပြုတ်ရေး အားသွန်ခွန်စိုက် ကြိုးစားလျှက်ရှိပါကြောင်း တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေတာရှည်မြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူပိုင် နေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိပြီး ဒေသပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ထိတွေ့ တိုက်ပွဲမှာတော့ ရန်သူဘက်က ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။ စစ်တပ်က နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ နေအိမ်တွေ ပျက်စီးမှုရှိတယ်။ ပြည်သူတွေ ထိခိုက်မှုတော့မရှိဘူး” ဟု တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article