26 C
Yangon

အမျိုးသမီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဖွင့်လှစ်ရန်အတွက် အမျိုးသမီးစာရင်း ကောက်ယူရန် စစ်ကောင်စီက တရားဝင် ညွှန်ကြား၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများအားလုံး စစ်မှုထမ်းရန် အကျုံးဝင်

Must read

အမျိုးသမီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဖွင့်လှစ်ရန်အတွက် အမျိုးသမီးစာရင်း ကောက်ယူရန် စစ်ကောင်စီက တရားဝင် ညွှန်ကြား၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများအားလုံး စစ်မှုထမ်းရန် အကျုံးဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

အကြမ်းဖက် စစ်ကောင်စီက အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ရန်အတွက် စစ်မှုထမ်းဥပေဒအရ အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူရန် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ယင်းကဲ့သို့ နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို မကြာမီဖွင့်လှစ်သွားရန်ရှိကြောင်း သိရှိရသည်။

လတ်တလော ခေါ်ယူမည့် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် အသက် ၂၅ နှစ်မှ အသက် ၂၇ နှစ်ပြည့်ခါနီး အမျိုး သမီးများကို ပထမ ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေပါ အသက်အရွယ်တွင် ရှိသော်လည်း အိမ်ထောင်သည်အမျိုးသမီးများ ၊အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများမှာမူ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“အခုတော့ ဖေဖော်ဝါရီထဲမှာ အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ စတင်မယ်လို့ သိထားပေမယ့် တရားဝင်တော့ ညွှန်ကြား ချက်တော့ မတွေ့ရသေးဘူး။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်မီ အသက် ၁၈ နှစ် အသက် ၂၇ နှစ်အတွင်းရှိတဲ့ အမျိုးသမီးစာရင်းကိုတော့ စတင်ပြုစုခိုင်းနေပါတယ်။ အမျိုးသမီး စစ်မှုထမ်းကတော့ ခေါ်ဖို့ကတော့ သေချာသလောက် ရှိနေပြီလို့ သိထားပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းတွင်လည်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို အမြန်ကောက်ခံခိုင်းနေကြောင်း သိရှိရသည်။

“ရန်ကုန်က မြို့နယ်ရပ်ကွက်တွေမှာ အမျိုးသမီး စစ်မှုထမ်းစာရင်းကော အမျိုးသား စစ်မှုထမ်း စာရင်းကော ကောက်ခိုင်းနေပြီ အမျိုးသမီးကတော့ အသက် ၂၇ နှစ်ပြည့်ခါနီး တွေကို ဦးစားပေး စာရင်းတင်ခိုင်းနေတယ်” ဟု ရန်ကုန်တိုင်း ထွေ/အုပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါဥပဒေအရ စစ်မှုထမ်းရမည့် အမျိုးသမီးများ၊ အမျိုးသားများ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း အပါအဝင် အသေးစိတ်အချက်အလက်များကို ပြဋ္ဌာန်းထားသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် အမျိုးသမီးစာရင်း ကောက်ယူရာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ စစ်မှုထမ်းရမည့် အမျိုးသမီးစာရင်းကို အဓိက ဦးစားပေးကောက်ယူခိုင်းနေသည့် စာရင်းစာရွက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article