27 C
Yangon

တောင်သာမြို့နယ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

တောင်သာမြို့နယ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာ လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် စက်တပ် လေထီး ၂ စီးဖြင့် အကြမ်းဖက် စစ်တပ်က ရွာတန်းရှည်ကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူ အသက် ၂၆ နှစ်အရွယ် မပု ပွဲချင်းပြီး သေဆုံးပြီး အသက် ၃၀ နှစ်အရွယ် အမျိူသားတစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်မှာ မိတ္ထီလာ ရှမ်းတဲက တက်လာသော စက်တပ် လေထီး ၂ စီးနဲ့ ရွာတန်းရှည်ကျေးရွာကို ဗုံးသီး ကဲချ တိုက်ခိုက်သွားတာ ပြည်သူပိုင် နေအိမ် တစ်လုံး ထိခိုက် ပျက်စီးတယ်။ ကျေးရွာနေ ပြည်သူ အသက် ၂၆ မပု ပွဲချင်းပြီးသေဆုံးတ်။ အသက် ၃၀ နှစ် အရွယ် အမျိူသား ၁ ဦး ပြင်းထန် ဒဏ်ရာရတယ်။ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပြင်းထန်ဒဏ်ရာရတယ်” ဟု တောင်သာ လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူ ပြောဆိုသည်။

တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် အကြောင်းမဲ့ လိုက်လံဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းတူးကြရန်နှင့် စက်တပ် လေထီးသံများ ကြားလျှင် အချက်ပေးပြီး ကြိုတင်ရှောင်မှုများ လုပ်ဆောင်ကြရန် တောင်သာ လူထုလှုပ်ရှားမှု့ကော်မတီက အသိပေး ပြောဆိုထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article