26 C
Yangon

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ပကဖ က ဝင်ရောက် ဖမ်းဆီး

Must read

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ပကဖ က ဝင်ရောက် ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း စလင်း ပကဖ စိုးမိုးနယ်မြေအတွင်း‌ရှိ ကျေးရွာများတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ပကဖ ရဲဘော်များနှင့် ရဲမေများက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးခြင်းသည် စလင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပိုမိုများပြားမှု မရှိစေရန်နှင့် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် ခိုးဆိုးလုနှိုက်မှုများမဖြစ်ပွားစေရန် ရည်ရွယ်၍ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးမှုသာ လုပ်ဆောင်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့သော်လည်း ထပ်မံကျူးလွန်သူများကို ဥပဒေနှင့်အညီ ဖမ်းဆီး အပြစ်ပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက ပထမဆုံး အနေနဲ့ သတိပေးတားမြစ်မှုတွေပဲ လုပ်ဆောင်ထားပြီးတော့ ကျနော်တို့ သတိပေးထားတဲ့ ကြားကမှ ဆက်လုပ်နေမယ်ဆိုရင် ထိထိရောက်ရောက်နဲ့ အရေးယူမှုတွေ အပြစ်ပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ နိုင်ငံရေးအခြေအနေ မငြိမ်မသက်နေတဲ့ကြားကနေ ဒါမျိုးလောင်းကစားဝိုင်းတွေ ပေါများလာမယ်ဆိုရင် အမှုအခင်း ပြဿနာတွေပေါများလာနိုင်တဲ့ အတွက် အခုက လောင်းကစား မီးမပွားခင်ကစလို့ ဖမ်းဆီးတားမြစ်သတိပေးဝာာတွေ လုပ်ဆောင်တာပဲဖြစ်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article