26 C
Yangon

ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေသော ခမရ ၃၆၉ တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ် စစ်မှုထမ်း တပ်သားသစ်တစ်ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Earthquake People’s Defense Force မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နံနက် ၁၀ နာရီ ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေသော ဟုမ္မလင်း အခြေစိုက် ခမရ ၃၆၉ တပ် ရင်းမှ အသက် ၂၅ နှစ် အရွယ် တပ်သား စည်သူထက်သည် ပြည်သူ့ရင်ခွင် သို့ အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာသဖြင့် နွေးထွေးပျူငှာစွာလက်ခံကြိုဆိုပြီး ကောင်း မွန်စွာထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း သိရသည်။

“သူက ပခုက္ကူမြို့ပေါ်မှာ ပေါ်တာဆွဲခံရပြီးတော့ ခမရ ၃၆၉ တပ်ကို အပို့ခံရတာ၊ အဲဒီကနေမှ အခု ရမည်းသင်းမှာ တာဝန်ကျနေတဲ့အချိန် ရခိုင်ပို့မယ်သတင်းကြားပြီး ချိတ်ဆက်ဝင်ရောက်လာတာပါ၊ လက်နက်ခဲယမ်းတော့မပါဘူး။ အခုတော့ သူ့ကို လုံခြုံတဲ့နေရာမှာကောင်းကောင်းမွန်မွန် စောင့် ရှောက် ပေးထားပါတယ်။” ဟု Earthquake People’s Defense Force မှ တာဝန် ရှိသူက ပြောကြားသည်။

ပြည်သူ့ရင်ခွင်ထံသို့ အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများကို နွေးထွေး ပျူငှာစွာကြိုဆို လက်ခံပြီး၊ သက်ဆိုင်သည့်လုံခြုံသောနေရာအား အသက်အာမခံချက် အပြည့်ဖြင့်ပိုဆောင်ပေးမည် ဖြစ်ကြောင်း၊ စစ်ကောင်စီ စခန်းအသီးသီးမှ စစ်ကောင် စီဘက်တော်သားများအနေဖြင့် ပြည်သူလူထု အပေါ် လူမဆန်ပဲ ရက်စက်စွာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည့် အကြမ်းဖက် စစ်တပ်ကို အမြန်စွန့်ခွာ၍ အသက်အ‌သေ မခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့် အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article