25 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

Must read

ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် လှည့်ကင်းကားကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ တပ်ပေါင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ် အထိုင်စခန်းမှ အင်အား ၂ဝ ခန့်ပါ ကင်းလှည့် ကား ၁ စီးကို ဆိပ်ဖြူ ဗိုလ်မထား တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ထိမှန် ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းနေ့တွင် ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wing ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့နှင့် Black Eagle Drone တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြန်လည် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article