31 C
Yangon

ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်းပစ် ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဗုံးချတာနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ထုံးစံပါပဲ၊ Target ကို ထိတယ်၊ ဗုံးသီး ၅၉၁ တပ်ရင်းထဲကို တည့်တည့်ကျတာ။ ၆၀ မမ လက်နက်ကြီးနဲ့က ၈ လုံး၊ ၉ လုံးလောက်ပြန်တာရှိတယ်၊ လက်နက်ငယ် တွေနဲ့လည်းပြန်ပစ်တယ်။ ကျနော်တို့ တပ်ဖွဲ့အနေနဲ့က လက်နက်ကြီးရော၊ ဒရုန်းရော ၊ မြေပြင်တိုက် ခိုက်ရေးရာ ဘက်စုံကနေ အာဏာရှင်ကို တိုက်ထုတ်နေခဲ့တာကြာပြီဖြစ်လို့ များများပံ့ပေးကြဖို့ လည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေးတာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို P21803/ SAW DRAGON DRONE FORCE-SDDF နှင့် ရေးဘီလူးတပ်ရင်း ၊ တပ်ခွဲ ၁ တို့အတူ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့‌ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ဦးသေကာ ၈ ဦး ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် အင်းလေးလူထုလှုပ်ရှားမှုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၂၁ မိနစ်အချိန်တွင် ညောင်ရွှေမြို့နယ်၊‌ ရေပူအုပ်စု ၊ ရေပူ(ထီခိုး)ရွာ ၏ အရှေ့ဘက်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကပ်လာတာ။ သူတို့လက်နက်ကြီးတွေနဲ့ ထုတာ ။ ရဲဘော်တွေရော ပြည်သူတွေရော ဘေးကင်းပါတယ် ” ဟု အင်းလေးလူထုလှုပ်ရှားမှုက ဆိုသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၊ ဒရုန်းဖြင့် ‌ပစ်ခတ်၍ ရေပူရွာ ဘုန်းကြီးကျောင်းဝန်းရှိ စေတီများသို့ ကျရောက် ပေါက် ကွဲခဲ့ကြောင်း အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article