Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေရဲ့ ပူးပေါင်း တိုက်ခိုက်တာကို ခံနေရတယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံပြောဆိုသွားတဲ့အပြင် ၊ လက်ရှိမှာလည်း ရခိုင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ၊ ပဲခူး တိုင်း ၊ ဧရာ၀တီတိုင်းတို့အထိပါ တိုက်ပွဲတွေ ရောက်ရှိလာပြီဆိုပြီးတော့ကို ဝန်ခံပြောဆိုသွားပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားနေသူဆိုပြီး ဝေဖန်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့် ဝန်ကြီးဆိုသူ သက်သက်ခိုင် အပါအဝင် ဝန်ကြီးတချို့ကို အကြမ်းဖက် မင်းအောင်လှိုင်က ရာထူးကနေ အနားပေးလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန် ၊ မန္တလေး နေပြည်တော် ၊ ပဲခူး နဲ့ ဧရာဝတီတိုင်းဘက်က လူငယ်တွေ ဆက်တိုက်ပျောက်ဆုံး နေရာမှာ အမျိုးသားရော ၊ အမျိုးသမီးငယ်တွေပါ ပျောက်ဆုံးမှုတွေများလာနေပြီလို့ ဒေဿခံပြည်သူတွေ နဲ့ သက်ဆိုင်ရာ မိသားစုတွေကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။