တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေး ၄နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ နှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC က ဦးဆောင်၍ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လူဦးရေ ၁၀၀ ကျော် ပူးပေါင်းဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။


