32 C
Yangon

ပေါက်မြို့နယ်၊ သရက္ကန့်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး၊ တောင်သာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပြိုကျ

Must read

ပေါက်မြို့နယ်၊ သရက္ကန့်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး၊ တောင်သာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပြိုကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက္ကန့်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးကြောင်း Successful Force – Pauk က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်း ၀၀ နာရီ ၃၉ မိနစ် ဝန်းကျင်အချိန် ပေါက်မြို့နယ်၊ သရက္ကန်ရွာမြောက်ပိုင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္တီလာရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် အကြောင်းမဲ့ ဗုံးကျချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပြည်သူများ၏ နေအိမ် ၈ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ၂ ဦးမှာ သရက္ကန်ကျေးရွာမှ ကိုဇော်လင်းစိုးနှင့် ဇနီးဖြစ် ကြောင်း ၊ ကျန် ၁ ဦးမှာ ပခုက္ကူမြို့နယ် သံဘိုကျေးရွာမှ သရက္ကန်ကျေးရွာသို့ လာရောက် အလုပ်သူ ကိုဝက်ကြီးဖြစ်ကြောင်း သိရှိရသည်။

“ကိုဇော်လင်းစိုးနဲ့ သူ့ဇနီးတို့ဟာ လေယာဉ်ပေါ်ကကျဲတဲ့ ဗုံးက သူတို့ရဲ့နေအိမ်ပေါ်ကို တည့်တည့်ကျကွဲခဲ့တာကြောင့် အိမ်ပါပြိုကျသွားပြီး အလောင်းတွေကိုလည်း တစ်စစီလိုက်ကောက်ခဲ့ရတယ်” ဟု Successful Force – Pauk က ဆိုသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်အချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇရပ်ကြီးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ရာ ပြည်သူ့နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ ကံကောင်းထောက်မစွာဖြင့် လူသေဆုံးမှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article