25 C
Yangon

ဆားတောင်မြို့ ရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ဆားတောင်မြို့ ရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Royal Falcon Guerilla Force (Sadaung Falcon) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆားတောင်မြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချခဲ့ပြီး စာသင်ကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ Royal Falcon အဖွဲ့က ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး စစ်ခွေး အာဏာသိမ်းမှု ၄ နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် စစ်ခွေးတွေနဲ့ စစ်ခွေးနောက်လိုက်တွေ တပ်စွဲထားတဲ့ ဆားတောင်ရဲစခန်း နှင့် စာသင်ကျောင်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ရဲစခန်း ထဲကို ၅ လုံး ကျဲချပြီး စာသင်ကျောင်းထဲက ပျူခွေးတွေကိုတော့ ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ၄ ကောင် အထိ အခိုက်ရှိပြီး စာသင်ကျောင်းထဲက စစ်ခွေး ၁ ကောင်ကတော့ သေဆုံးနိုင်ပါတယ်” ဟု Royal Falcon Guerilla Force (Sadaung Falcon) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article