33 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ ပြည်ပကို ထွက်ခွင့်ရဖို့ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားတဲ့ လူငယ်တွေဆီကနေ အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့နယ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ငွေကျပ် အနည်းဆုံး သိန်း ၅၀ ပေးရမယ်ဆိုပြီး တောင်းရမ်းနေကြပြန်တယ်လို့ ရန်ကုန်မြို့က ပြည်ပထွက်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ဆီကနေ သိရပါတယ်။
  • မကွေးတိုင်း၊ အောင်လံမြို့က ရွာထောင်ရပ်ကွက်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လိုက်လံစုဆောင်းနေတဲ့ ရာအိမ်မှုး အောင်ကျော်မြင့်ဆိုသူဟာ လောင်းကစားဝိုင်း အတွင်းမှာပါ ဝင်ရောက် ဆဲဆိုရိုက်နှက်တဲ့အချိန် ဓါးနဲ့ထိုးခံရပြီး သေသွားပြီလို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ စစ်တပ်က မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ ထားရတဲ့သူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article