32 C
Yangon

မင်းလှမြို့နယ်တွင် တပ်ပြေးများကို လိုက်ရှာသည့် စစ်ကောင်စီတပ်သားများနှင့် PDF တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

မင်းလှမြို့နယ်တွင် တပ်ပြေးများကို လိုက်ရှာသည့် စစ်ကောင်စီတပ်သားများနှင့် PDF တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးများကို လိုက်ရှာသည့် စစ်ကောင်စီ တပ်သားများနှင့် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီး၌ တပ်ပြေးများကို လိုက်ရှာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ တပ်သားများနှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စမ်းဘုတ်ဂိတ်က ထွက်ပြေးလာတဲ့ စစ်သားတွေကို လိုက်ရှာတဲ့ စစ်ခွေးတွေနဲ့ ၁၀ မိနစ်လောက်ထိမှု ဖြစ်ပွားခဲ့တယ်။ စစ်ခွေးတွေနဲ့ အနီးကပ် ပစ်ခတ်မှု ဖြစ်တာ စစ်ခွေး ၂ ကောင် နေရာမှာ သေဆုံးတယ်” ဟု သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း ထွက်ပြေးသွားသော စစ်သား ၃ ဦးသည် ခလရ ၁ တပ်ရင်းမှ စမ်းဘုတ်ရွာ စစ်တပ်ဂိတ်သို့ ပို့ဆောင်ခံရပြီးနောက် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ထို စစ်သား ၃ ဦးသည် လက်ရှိချိန်ထိ ထွက်ပြေး လွတ်မြောက်နေပြီး တော်လှန်ရေး တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းခြင်းမရှိသေးကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဆက်လက်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article