29 C
Yangon

ရက်ချောင်းနှင့် တနင်္သာရီမြို့တို့တွင် စစ်တပ် စစ်ကြောင်း၊ ယာဉ်တန်းနှင့် ကင်းပုန်း တို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

သရက်ချောင်းနှင့် တနင်္သာရီမြို့တို့တွင် စစ်တပ် စစ်ကြောင်း၊ ယာဉ်တန်းနှင့် ကင်းပုန်း တို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ဗျူဟာမှူးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ သရက်ချောင်းမြို့နယ် ဘက်သို့ စစ်ကြောင်းထိုးဆင်းလာသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများကို‌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးကြောင်း၊ ထို့အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေအတွက်အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ထားဝယ်ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ပေါင်းစု ဗျူဟာမှူးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ် ယာဉ် တန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ကပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့ မှ မြိတ်မြို့သို့ပြန်ဆင်းသည့် အကြမ်း ဖက် စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ရွာနှင့်ညောင်ပင်ကုန်းရွာအရောက် မိုင်းဆွဲပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ ၃၀၆ အမြောက်တပ်ရင်းမှ ကြိုတင်လမ်းကင်းယူထားသည့် အကြမ်းဖက် စစ်သားများကို ထပ်မံ မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီပကဖ ဇုန် ၃၊တနင်္သာရီပကဖ ဇုန် ၅ နှင့် မြိတ်ပြည့်သူ့ကာကွယ်‌ ‌ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာ၍ ရမ်းဖိုညောင်ပင် ကုန်းရွာကို ဖြတ်ကာ ဘန်လမွတ်ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဘန်းလမွတ်ရွာ သို့ ပြန်အရောက်တွင် ဘန်းလမွတ်ရွာ တောင်ကုန်းပိုင်းရပ်ကွက်မှ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ခရီးသွား ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့် အနီးကပ်လိုက်ပါခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article