31 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး၊ သပိတ်မှောက်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၇ လုံး ပြာကျ

Must read

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး၊ သပိတ်မှောက်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၇ လုံး ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး သပိတ်မှောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကန့်ဘလူမြို့နယ်ရှိ ငါးရာနဲရွာ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနှင့် ပေကြီးရွာတို့ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ငါးရာနဲ ရွာမှ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူများမွေးမြူထားသည့် နွား ၂ ကောင် သည်လည်း စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျီးကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ပါသော စစ်ကြောင်းက သပိတ်မှောက်ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၇ လုံးမီးလောင်ပျက်စီးခဲ့ကြာင်း၊ ဒေသပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article