Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရှမ်းမြောက်မှာ ကိုးကန့် MNDAA က သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လားရှိုးမြို့က ရမခ တိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီက နေရာသစ် မြို့သစ်မှာ ပြည်လည်အခြေစိုက်ဖွင့်လှစ်ဖို့ စံမံချက်ရေးဆွဲနေပြန်ပြီး ၊ လားရှိုးမှာ အခြေပြုမှာ မဟုတ်တော့ပဲ မိုင်းရယ်နဲ့တန့်ယန်းဘက်တွေမှာ အခြေပြုဖို့လုပ်နေပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပုဂံမြို့ဆီ ဘုရားဖူးလာတဲ့ လူငယ်တချို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဧည့်စာရင်းမတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါ်တာဆွဲဖမ်းဆီးသွားပြီး စစ်မှုထမ်းတပ်သားအဖြစ် စစ်တပ်ထဲကို ပို့လိုက်ကြ တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-အကြမ်းဖက် စစ်ကောင်စီတပ်က ရန်ကုန်၊ မန္တလေး ၊ ပဲခူး နဲ့ ဧရာဝတီတိုင်းတို့မှာ စစ်မှုထမ်းရမယ့် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေရာမှာ တချို့နေအိမ်တွေမှာ လူငယ်တွေ ထွက်ပြေး တိမ်းရှောင်သွားတဲ့ အတွက်ဆိုပြီး အိမ်မှာရှိတဲ့သူတွေကို အစားထိုးဖမ်းဆီးမှုတွေ စတင်လုပ်ဆောင် လာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။