ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးနှင့် လောင်စာဆီပို့မှုများ ဖြတ်တောက်လိုက်ပြီးနောက် မြ၀တီရှိ ဆီဆိုင်များတွင် ပြည်သူများ ကြိတ်ကြိတ်တိုးနေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ မြ၀တီမြို့သို့ လျှပ်စစ်မီးပေးထားမှုများကို ထိုင်းအစိုးရက စတင်ဖြတ်တောက်ခဲ့ပြီး လောင်စာဆီတင်ပို့မှုများကိုလည်း ဖြတ်တောက်မည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ကြေညာသည်။
မြ၀တီမြို့နယ်အတွင်းရှိ ရွှေက္ကိုလ် အပါအဝင် ကျားဖြန့် အွန်လိုင်းလောင်းကစားနေရာများတွင် လူကုန်ကူးမှုများ၊ နိုင်ငံတကာသို့ ငွေကြေးလိမ်လည်မှုများ အကြီးအကျယ်ဖြစ်ပွားလာပြီးနောက် ထိုင်းအစိုးရက ယင်းကဲ့သို့ လျှပ်စစ်မီးဖြတ်တောက်မှုနှင့် လောင်စာဆီဖြတ်တောက်မှုများကို ဆောင်ရွက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။
“အခု ကားနဲ့ ဆိုင်ကယ်ပါရင် ရောင်းပေးတယ်။ ပုံးနဲ့သွားဝယ်ရင် ဆီမရောင်းပေးဘူး။ ။ ဆီလည်း ပြတ်မယ်လို့ပြောတယ်။ ဆီကုန်သွားတဲ့ ဆိုင်တွေတော့ ပိတ်ကုန်ပြီ။ ရှိသေးတဲ့ဆိုင်တွေကလည်း ရောင်းပေးနေတုန်းပဲ။ တစ်ခါမှ ဒီလိုကြီးမကြုံဖူးသေးဘူး။ ရေပြတ် မီးပြတ်နဲ့ ဘယ်လောက်ကြာဦးမလဲမသိသေးဘူး” ဟု မြ၀တီဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – CJ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar