27 C
Yangon

ရေဦးမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းနှင့် လှည့်ကင်းကို ဝင်ရောက် တိုက်ခိုက်၊ သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီး တပ်စွဲထားသော စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းနှင့် လှည့်ကင်းကို ဝင်ရောက် တိုက်ခိုက်၊ သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီး တပ်စွဲထားသော စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် လှည့်ကင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် ရေဦးမြို့ မြောက်ဘက်ကို အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကင်းလှည့်ရန် ထွက်လာသော စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံပြီး ခြုံခို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း ပကဖ က လုပ်ဆောင်ခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီး တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကဝမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီးရှိ ဟိန်းမြန်မာကျောက်မိုင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော အဆောက်အဦး ထိခိုက် ပျက်စီးမှုရှိပြီး စစ်ကောင်စီ တပ်သာများ တပ်ပျက်၍ ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ ထို့ပြင် စစ်တပ် ဘက်မှလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု KNU/KNLA ၊ သိမ်ဇရပ်ဒေသ ကာကွယ်ရေတပ်ဖွဲ့ (Drone တပ်ဖွဲ့ )၊ ကျိုက်ထိုမြို့နယ် ပကဖ၊ က၀ မြို့နယ်ပကဖ (ဒရုန်းအဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article