ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းကို နင်းမိ၍ ကလေးငယ် ၂ ဦး သေဆုံးကာ ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကွတ်ခိုင်မြိုနယ်၊ နမ့်ဆိုင်ကျေးရွာမှ ကလေးငယ် ၄ ဦးသည် ရေချောင်းအတွင်း ငါးသွားဖမ်းနေစဥ် လက်လုပ်မိုင်း နင်းမိပြီး ၂ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းနင်းမှု ဖြစ်စဉ်အတွင်း အသက် ၄ နှစ်အရွယ် လွေးအေးနွေနှင့် အသက် ၅ နှစ်အရွယ် မိုင်းအနိုင် တို့ ၂ ဦး သေဆုံးခဲ့ပြီး အ သက် ၉ နှစ်အရွယ် မိုင်းထွန်းအောင် နှင့် အသက် ၈ နှစ်အရွယ် မိုင်းအညိုလာ တို့သည် ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုရန် ဆေးရုံသို့ ပိုဆောင်ပေးထားကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ နောင်တိန် ကျေးရွာမှ အသက် ၆၁ နှစ်အရွယ် ဦးကြိုင်ငိုသည် ကြံသွားစိုက်စဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် လက်ကျန် မြေမြှုပ်မိုင်း ၁ လုံးကို ခုတ်မိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စင်မြင့်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၆ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာကို ယင်းနေ့ မွန်းလွဲပိုင်းတွင် ခမရ ၆ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ စစ်ကူ ရောက်ရှိလာပြီးနောက် စင်မြင့်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထန်းပင်ကုန်းကနေ တက်လာတဲ့ စစ်ခွေးတွေနဲ့ စင်မြင့်ရွာနားမှာ တိုက်ပွဲဖြစ်တာ နာရီ ဝက်လောက်ကြာတယ်။ တိုက်ပွဲမှာ စစ်ခွေးတွေ ဘက်က စစ်ကြောင်း တဝက်လောက် ပြုတ်သွားပြီး အထိနာသွားလို့ ခမရ-၆ ကို စစ်ကူခေါ်တာလို့သိရတယ်။ အဲစစ်ကူလာတဲ့ စစ်ခွေးတွေက စင်မြင့်ရွာကို ဝင်ပြီး ပြည်သူပိုင် နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကူထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်ဖက်ခူးနေသည့် ပြည်သူများကိုလည်း အကြောင်း မဲ့ ရိုက်နှက်ပြီး ပြည်သူပိုင်ကား ၂ စီးကို ချောဆွဲကာ တိုပ်ပွဲအတွင်း သေဆုံးသွားသော စစ်သား ၆ ဦးနှင့် ဒဏ်ရာရရှိသော စစ်သား ၁၅ ဦးတင်ဆောင်၍ အုတ်ဖိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476222557_985554920338781_6348731670842548213_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476806129_985555010338772_2795507341468607165_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/475884467_985555100338763_6264988397709077178_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476113909_985555170338756_5826170920785129743_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476805704_985555297005410_7622211419035519225_n.jpg)