22 C
Yangon

ရန်ကုန် လှော်ကား ရဲအကြပ်အတတ်သင်ကျောင်းကို ဗုံးပစ်လောင်ချာဖြင့် ပစ် ခတ် တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ

Must read

ရန်ကုန် လှော်ကား ရဲအကြပ်အတတ်သင်ကျောင်းကို ဗုံးပစ်လောင်ချာဖြင့် ပစ် ခတ် တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ ရဲအကြပ်အတတ်သင်ကျောင်း (လှော်ကား)ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲများထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင် က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၂ မိနစ်ခန့်အချိန် ထောက်ကြန့်၊ ရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား)ရှိ ဝန်ထမ်း တန်းလျားကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် RUC စစ်ကြောင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း သင်တန်းကျောင်းဝင်းအတွင်းရှိ ရဲဝန်ထမ်းများ နေထိုင်လျက်ရှိသော တန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

” ထောက်ကြန့်မြို့နယ်က ရဲအကြပ်အတတ်သင်ကျောင်းရဲ့ ဝန်ထမ်းတန်းလျားကို ၇၉ မမ ဗုံးပစ်လောင်ချာနဲ့ RUC စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အတတ်သင်ကျောင်းရဲ့ ရဲဝန်ထမ်းတွေနေတဲ့ တန်းလျာကို ထိမှန်ခဲ့လို့ ရဲတွေ ထိခိုက်မှုရှိတယ်။ အရေအတွက်ကိုတော့ အတည်ပြုနေတုန်းပဲ” ဟု Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင် က ပြောဆိုသည်။

RUC စစ်ကြောင်း၏ ရဲဘော်များ အနေဖြင့် မြို့ပြအတွင်း ခက်ခဲစွာ ရှင်သန်၍ ထိရောက်စွာ ဆက်လက် တိုက်ခိုက်နိုင်ရန်နှင့် ဝပ်ကျင်း၊ ရိက္ခာ၊ စစ်အသုံးစရိတ် စသည့် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန်အတွက် တော်လှန် ပြည်သူများအနေဖြင့်လည်း ပါဝင် အားဖြည့်ပေးကြရန် မေတ္တာရပ်ခံကြောင်း ကိုရဲခေါင်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article