26 C
Yangon

ကျောက်ပန်းတောင်းနှင့် ကြို့ပင်ကောက်ရှိ ကျေးရွာတချို့ကို စစ်တပ်က စီးနင်းပြီး လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၊ မိတ္ထီလာတွင်လည်း ဘောလုံးကန်နေသည့် လူငယ် ၄ ဦး ပေါ်တာဆွဲ ဖမ်ဆီးခံရ

Must read

ကျောက်ပန်းတောင်းနှင့် ကြို့ပင်ကောက်ရှိ ကျေးရွာတချို့ကို စစ်တပ်က စီးနင်းပြီး လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၊ မိတ္ထီလာတွင်လည်း ဘောလုံးကန်နေသည့် လူငယ် ၄ ဦး ပေါ်တာဆွဲ ဖမ်ဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ်များကိုစစ်မှုထမ်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်အချိန် ကျောက်ပန်းတောင်းမြို့နယ်ရှိ အိုင်လျားမြောက်ရွာနှင့် အိုင်လျားတောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာနေ လူငယ်များဖြစ်သော ကိုမှတ်ကျော်၊ ကိုလှရွှေနှင့် အမည်မသိ လူငယ် ၂ ဦးကို ဖမ်းဆီးသွားပြီးနောက် ညနေ ပိုင်းတွင် လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း၊ ထို့ပြင် စစ်ကောင်စီတ ပ်သားများသည် နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း ကား ၃ စီးဖြင့် စိတ်ကြိုက်ယူဆောင်သွားကြောင်း သိရသည်။

“ကျောက်ပန်းတောင်း မြို့နယ် အိုင်လျားမြောက်ရွာနဲ့ အိုင်လျားတောင်ရွာကို စစ်ခွေးတွေ ဝင်စီးတာပါ။ ကား ၃ စီးနဲ့ နေအိမ်တွေထဲလည်း ဝင်ရှာပါတယ်။ ရွှေတွေ ငွေတွေက အစ စစ်ခွေးတွေက သူတို့ စိတ်ကြိုက်ကို ယူဆောင်သွားတာပါ။ ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ လူငယ် ၅ ဦးကိုလည်း သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှားဖြူကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ရှားဖြူကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်း၊ ရှားဖြူကုန်းရွာမှ လူငယ်များလည်း စစ်ကြောင်း ဝင်ရောက်လာချိန် အချိန်မီ ရှောင်တိမ်းနိုင်ခြင်းကြောင့် ပေါ်တာဆွဲ ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။

“ညနေ ၃ နာရီခွဲလောက်မှာ ရှားဖြူကုန်းရွာကို စစ်ခွေး အင်အား ၄၀ လောက်နဲ့ ဝင်ရောက် စီးနင်းတာပါ။ စစ်ခွေးတွေ ဝင်ရောက် စီးနင်းချိန် ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့လို့ ဖမ်းဆီးခံရသူ မရှိပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဘောလုံးကန်နေသည့် လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ကန်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၄ ဦးကို မည်သည့် နေရာ၍ ချုပ်နှောင်ထားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များက လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရန်ကုန်-မန္တလး လမ်းဟောင်းဘေးက ကန်တောင်ရွာ ဘောလုံးကွင်းမှာ ဘောလုံးကန်နေတဲ့ လူငယ်တွေကို စစ်ခွေးတွေကို ညနေ ၅ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် ပေါ်တာဆွဲတာ ဘောလုံးကွင်းကလလည်း လမ်းဟောင်းဘေးတင်ပဲ လူငယ်တွေလည်း ထွက်ပြေးတာတော့ လွတ်မြောက်တဲ့သူတွေလည်းရှိတယ်။ လူငယ် ၄ ဦးပါသွားတယ်။ ပါသွားတဲ့ သူတွေကို ဘယ်ခေါ်သွားလဲဆိုတာ အဆက်သွယ်မရသေးပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article