Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထိုင်းနိုင်ငံကနေ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှု အစီအစဉ် တစ်ရပ်အနေနဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့တွေကို ထိုင်းဘက်ကနေလျှပ်စစ်မီး နဲ့ လောင်စာဆီတွေ ဖြတ်တောက်လိုက်တဲ့နောက်မှာပဲ မြ၀တီမြို့မှာ စစ်တပ်လော်ဘီ အမျိုးသားရေးအစွန်းရောက် သူရိန်မင်းထွန်းဆိုသူဦးဆောင်ပြီး ထိုင်း ကုန်စည်တွေကို သပိတ်မှောက်ရေး လှို့ဆော် နေပြန် သလို ၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ကာကွယ် ပေးထားတဲ့ စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေပါ ပြည်သူအယောင်ဆောင်ပြီး ပါဝင်ဆန္ဒပြနေ တယ်လို့ မြဝတီမြို့နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီး ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းနေပေမယ့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့မိသားစုတွေ ကစပြီး စစ်ဗိုလ်ချုပ်တွေ ရာထူးကြီးထိပ်ပိုင်းအသိုင်းအ၀ိုင်းရဲ့ သား သမီးမြေးမြစ်တွေဟာ စစ်မှုထမ်း စာရင်းထဲမှာ မပါဝင်ဘူးလို့ စစ်တမ်းတွေအရ သိရပါတယ်။
ကရင်နီပြည်နယ်က မိုးဗြဲမြို့တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေရဲ့ မသာအလောင်း ၅ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားပြီး ၊ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က အမျိုးသမီး စစ်သည်တချို့ကိုပါ အသုံးပြုနေတာကို မြင်တွေ့နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
![](https://yktnews.com/wp-content/uploads/2025/02/Screenshot-43.jpg)