30 C
Yangon

စစ်တွေမြို့အနီး လက်နက်ကြီး ပစ်ခတ်သံများ ကြားရ

Must read

စစ်တွေမြို့အနီး လက်နက်ကြီး ပစ်ခတ်သံများ ကြားရ

ရန်ကုန်| ဖေဖော်ဝါရီ ၈

ရခိုင်ပြည် စစ်တွေမြို့အနီး ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှစတင်၍ ကျယ်လောင်သည့် လက် နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း စစ်တွေမြို့ခံများက ပြောသည်။

စစ်တွေမြို့ခံများက နေရာအတိအကျ မသိကြသော်လည်း အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

“မနေ့ညက လက်နက်ကြီးသံတွေ ၁၀ နာရီကျော်လောက်မှာ စကြားရတယ်။ ဘယ်သူတွေ ပစ်တာလဲတော့ မသိဘူး။ တော်တော်ကို အသံမြည်တာ။ ၁၂ နာရီကျော် ၁ နာရီလောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဟိုက်စကီးဆင်းတာလည်း ကြားရတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအချို့ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။

“စစ်တွေမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ထိုးစစ်စတော့မယ်” ဟု ပြောပြီး ဖုန်းချသွားသည်။

စစ်တွေမြို့အနီးတွင် စစ်ကောင်စီနှင့် AA တို့သည် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှု မကြာခဏ ရှိကြပြီး စနိုက်ပါဖြင့်လည်း အပြန်အလှန်ပစ်ခတ်မှုရှိကြောင်း သိရသည်။

စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်ရန် ဝိုင်းရံထားသလို စစ်ကောင်စီကလည်း တပ်အင်အား အများအပြားဖြည့်တင်းကာ ခုခံစစ်ကို အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article