30 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရေပြာရွာအနီးရှိ နေအိမ်များကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွား၊ ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရ

Must read

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရေပြာရွာအနီးရှိ နေအိမ်များကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွား၊ ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရေပြာရွာအနီးရှိ နေအိမ်များကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြို့င်မြို့နယ် စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ပေါက်မြို့နယ်၊ ရေပြာရွာ အနီးရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် နေအိမ်များရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စိတ်ကြိုက်ယူဆောင်သွားပြီး လက်ရှိချိန်တွင် စစ်ကြောင်းသည် ပေါက်မြို့နယ်ရှိ ကုက္ကိုယ်စု ပျူစောထီးရွာကို ဝင်ရောက်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ နေအိမ် ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မြိုင်ကို ရိက္ခာလာပို့တည်းက ပါလာတဲ့ စစ်ခွေးစစ်ကြောင်း စက်မှု ၂ ထဲမှာ တပ်စွဲထားပြီး အခု ပေါက်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာ ဒီနေ့ ရေပြာရွာအနီး တစ်ဝိုက်က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်လို့သိရတယ်။ နေအိမ်ထဲက ပစ္စည်းတွေလည်း စိတ်ကြိုက်ယူဆောင်သွားတယ်တဲ့ အခု ညနေ ၆ နာရီ ခွဲမှာ ခွေး စစ်ကြောင်းက ကုက္ကိုယ်စု ပျူစောထီး ရွာကို ဝင်သွားတယ်လို့ သိရတယ်။ နေအိမ် ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အတွင်း ပြန်လည် ဝင်ရောက်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေး အသိ စစ်ရေး သတိထားဖြင့် သွားလာကြရန် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးနေသော ပေါက်မြို့နယ်၊ လယ်လန်းရွာ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article