22 C
Yangon

သံတောင်ကြီးမြို့နယ်တွင် ရှမ်းလယ်ပြင်စစ်စခန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

သံတောင်ကြီးမြို့နယ်တွင် ရှမ်းလယ်ပြင်စစ်စခန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ရှမ်းလယ်ပြင်စစ်စခန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ကတည်းက တော်လှန်ရေးတပ်များက သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့ ခဲ့ပြီးနောက် နေ့စဉ်နေ့တိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးကတော့တပ်စခန်းမှ စစ်ကူစစ်ကြောင်းက ပိတ်ဆို့ခံထားရသော ရှမ်းလယ်ပြင်စစ်တပ်စခန်းသို့ စစ်ကူ လာကြောင်း၊ အဆိုပါစစ်ကြောင်းကို KNLA ဦး ဆောင်သော တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။

“ရှမ်းလယ်ပြင် စစ်တပ်စခန်းကို ဇန်နဝါရီလ ၂၉ ကတည်းက ဖြတ်တောက်ပိတ်ဆို့လုပ်ထားတာ။ တိုက်ပွဲတွေက နေ့တိုင်းပဲ။ စစ်တပ်က လေကြောင်းပစ်ကူတွေနဲ့ လက်နက်ကြီးအကူတွေနဲ့ပါ ခုခံနေတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သူတို့စစ်ကူအင် အားဖြည့်ဖို့လာရင်း ကြားဖြတ်တိုက်ခိုက်တာ။ စခ တော်တော်များများ ထိခိုက်ဒဏ်ရာရကြပြီး ၁၅ ဦးထက်မနည်းသေဆုံးတယ်။ အလောင်းတွေ ပြန်မသယ်နိုင်ဘဲ အလွတ်ရုန်းပြေးကြတယ်။ စစ်ကူလာတဲ့ တပ်ရင်းက ခလရ ၂၉ တပ်ရင်းပါ။ မနေ့ကအထိ မငြိမ်သေးဘူး။ အခုတော့ နည်းနည်းငြိမ်နေတယ်။ ပြည်သူတွေကို ပြောချင်တာက ဆက်ပြီး အားတင်းထားပါ။ အောင်ပွဲတွေ နီးလာပါပြီ” ဟု KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းကို KNLAတပ်မဟာ ၂ အထူးတပ်ရင်း KNDOတပ်ခွဲ ၄ နှင့် NPTF (806) ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(အကြမ်းဖက်စစ်သားများ သေဆုံးနေသည့်ဓာတ်ပုံများကို ဆင်ဆာမပါဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article