26 C
Yangon

စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ စလင်းမြို့တွင် ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီး ဟန်ဆုယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကို လိုက်လံ စုံစမ်းနေသဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းPeacock Brother Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် စလင်းမြို့မ အနောက်စျေးတွင် ဆန်ရောင်းရင်းဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ မယားဖြစ်သူ ဟန်ဆုယဥ်ကို Brother Urban Guerrilla အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဟန်ဆူယဉ်သည် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ သတင်းများကို လိုက်လံ စုံစမ်းနေသူဖြစ်သည့်အပြင် စစ်မှုထမ်းလူငယ်များစာရင်းပြုစုပြီး စစ်တပ်ထံသို့ ပေးပို့ပါဝင်နေသူဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက စလင်းမြို့ မြို့မအနောက်ဈေး နရပတ္တိ စည်သူလမ်းမှာ အစောင့်အကြပ်များစွာနဲ့ ဈေးရောင်းနေသူပါ။ စလင်းမြို့နယ် ကြံ့ဖွတ်ပါတီ၀င် အမတ် ကို၀င်းမြိုင်ရဲ့ မိန်းမပါ။ သူက တော်လှန်ရေး ရဲဘော်တွေကို သတင်းကို လိုက်လံစုံစမ်းနေတာအပြင် ပြည်သူတွေကိုလည်း ခြိမ်းခြောက်တာတွေ လူငယ်တွေကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတဲ့အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟုBrother Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စပါယ်ကြွယ်ရွာတွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တောင်ငူမြို့နယ်၊ စပါယ်ကြွယ်ရွာတွင်နေထိုင်သော စစ်တပ်အတွက် အလုပ်လုပ်နေသူကို သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“တောင်ငူမြို့ စပါယ်ကြွယ် ကျေးရွာက စစ်တပ်သတင်းပေးလုပ်နေတဲ့ ဒလန် ပစ်ခတ်ခံရပြီး သေပြီလို့ သိရတယ်။ ၈ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရတာလို့ သိရတယ်။ ရွာထဲမှာ စစ်ခွေးတွေ တပ်စွဲထားတော့ နောက်ဆက်တွဲဖြစ်စဉ် သတင်းအတိအကျတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article