ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာမှ အငတ်ဘေးကြုံ၍ ထွက်ပြေးလာသော ပြည်သူ ၇ ဦးကို PDF ရဲဘော်များက ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် တည်သီးတော ပျူစောထီးရွာမှ ထွက်လာသော အသက် ၆၇ နှစ်အရွယ် ဦးကြွေဇွန်း၊ အသက် ၇၂ နှစ်အရွယ် ဒေါ်ဝိုင်း၊ အသက် ၆၇ နှစ်အရွယ် ဦးဝင်း၊ အသက် ၄၂ နှစ်အရွယ် ကိုငနိုင် ၊ အသက် ၃၈ နှစ် အရွယ် ကိုလှမင်း ၊ အသက် ၈၂ နှစ် အရွယ် ဒေါ်နွယ် နှင့် အသက် ၉၀ နှစ် အရွယ် ဒေါ်တင်အိ တို့ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးလာခြင်းသည် ထမင်းမစားရဘဲ ပဲပြုတ်စား၍ စားနေရသည်မှာ ရက် ၂၀ ခန့်ရှိပြီဖြစ်ပြီး အငတ်ဘေးကြုံ၍ ဒုက္ခရောက်နေခြင်းကြောင့် ထွက်လာခြင်းဖြစ်ကြောင်း၊ လက်နတ်ကိုင် ပျူစောထီးများလည်း ရိက္ခာပြတ်လပ်၍ ငတ်ပြတ်နေကြကြောင်း သိရှိရသည်။
ထို့ကြောင့် တည်သီးတော ပျူစောထီးရွာမှ ပြည်သူများအနေဖြင့် ထပ်မံ ထွက်ပြေးလိုပါက ချိတ်ဆက် ဆောင်ရွက်၍ ကယ်ထုတ်ပေးမည်ဖြစ်ပြီး လက်နတ်ကိုင်ဆောင်ထားသော ပျူစောထီးများလည်း အလင်းဝင်ချင်ပါ ချိတ်ဆက်ဆောင်ရွက်၍ ကယ်ထုတ်ပေးမည်ဖြစ်ပြီး လက်နတ်ယူဆောင်လာပါက ထိုက်သင့်သော ဆုငွေများလည်း ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ထွက်ပြေးလာသူများကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က သွားရောက် ကူညီကယ်ထုတ်၍ ကောင်းမွန်စွာ စောက်ရှောက်ထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476643961_987657000128573_8965302884541842064_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477073778_987657023461904_264329465618601720_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477776464_987657040128569_1092223375857451341_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477771629_987657073461899_325478542744251849_n.jpg)