26 C
Yangon

မိုးကုတ်တွင် စစ်တပ်က လေကြောင်းဖြ‌င့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ‌ ၁၉ ဦး ထိခိုက်ဒဏ်ရာရ၊ အရပ် သားများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲနေဟု TNLA ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်း၊ မိုးကုတ်မြိုတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ‌ ၁၉ ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မိုးကုတ်မြို့ အနောက်ပိုင်းသို့ စစ်ကောင်စီတပ်က ဗုံး ၂၀ ခန့် လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးသေဆုံးပြီး အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒေသခံ၏နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး သပြေ‌တောင်ဘုရားကုန်းပေါ်တွင် ဘိုးဘွားရိပ်သာစခန်းများ ပျက်စီးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေ ကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article