29 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၁ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၁ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင် အကယ်ဒမီပေးပွဲကျင်းပနေတဲ့ရက်ပိုင်းမှာပဲ KIA – PDF ပူးပေါင်းတပ် တွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီရဲ့ အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း အပါအဝင် တပ်ရင်းဌာနချုပ် ၃ ခုကို အပြီးသတ် သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်သား အယောက် ၆၀ ကျော်က သေသွားပြီး စစ်သား အယောက် ၄၀ ကျော်ကိုပါ လက်နက်ခဲယမ်းတွေ နဲ့အတူ အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA နဲ့ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ပြင်ဦးလွင် နဲ့ သာယာဝတီခရိုင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူဦးရေ အယောက် ၅၀၀ ကျော် ကြိုတင်စုဆောင်းထားရမယ်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ခရိုင် ထွေ/အုပ်က ညွှန်ကြားထားပြန်တယ်လို့ ထွေအုပ် ဦးစီးဌာန အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသမှာ ရန်ကုန် Khit Thit ကနေ သတင်းဖော်ပြ ပေးခဲ့တဲ့ ပါကစ္စတန်နိုင်ငံ သား ၃ ဦး အပါအဝင် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်လှောင်ခံထားရတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article