27 C
Yangon

ရွှေပြည်သာ၊ နေရွှေဝင်းစက်ရုံတွင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရ၍ အလုပ်ပြန်ခန့်ရေး တောင်းဆိုသည့် အလုပ်သမား ၁၀၀ ကျော် ထပ်မံ အလုပ်ထုတ်ခံရ

Must read

ရန်ကုန်၊ မေ ၁၄

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ နေရွှေဝင်း အထည်ချုပ်စက်ရုံတွင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရ၍ အလုပ်ပြန်ခန့်အပ်ရေး တောင်းဆိုသည့် အလုပ်သမား ၁၀၀ ကျော် ထပ်မံ အလုပ်ထုတ်ခံရကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ နေရွှေဝင်း အထည်ချုပ်စက်ရုံတွင် ကုန်ကြမ်းနည်းပါးခြင်း နှင့် အထည်အော်ဒါနည်းပါးခြင်းကို အကြောင်းပြချက်၍ ဝန်ထမ်းအင်အား လျော့ချသည့်ဟုဆိုကာ နေရွှေဝင်းစက်ရုံအတွင်းရှိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၁ နှင့် ၂ မှ အလုပ်အမှုဆောင် (EC) များနှင့် ဘဏ္ဍာရေးမှူးများအပါအဝင် ၁၉ ဦးကို မေလ ၁၁ ရက်နေ့မှစ၍ လုပ်ငန်းခွင်သို့ လာရောက်ရန်မလိုအပ်ပြောဆိုကာ အလုပ်မှထုတ်ပယ်လိုက်ကြောင်း သိရသည်။

ထိုသို့ အလုပ်မှထုတ်ပယ်ခြင်းကို ကန့်ကွက်ပြီး ခေါင်းဆောင်များ အလုပ်ပြန်ခန့်ရန် အလုပ်သမား ၁၀၀ ကျော်မှ စက်ရုံတွင်း တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းတောင်းဆိုမှုပြုလုပ်နေစဉ်အတွင်း စက်ရုံ HR Manager က မေလ ၁၁ ရက်နေ့တွင် ထိုအလုပ်သမား ၁၀၃ ဦးကို ထပ်မံအလုပ်ထုတ်လိုက်ကြောင်း သိရှိရသည်။

“စက်ရုံဘက်က အလုပ်ထုတ်တာတော့ ၁၉ နဲ့ ၁၀၃ အားလုံးပေါင်း ၁၂၂ ရှိတယ်။ ပြန်ဝင်တဲ့သူတွေ လျော်ကြေးယူသူရှိပါတယ်။ ပထမထုတ်ခံရတဲ့ ၁၉ ဦးမှာ (၇) ဦးကျန်ပြီး၊ ဒုတိယ ၁၀၃ ဦးမှာ ယနေ့ညနေထိ ၉၃ ဦးကျန်ပါတယ်။ အလုပ်ဝင်တဲ့သူလဲရှိတယ်။ လျော်ကြေးယူသူလဲရှိတယ်။ စက်ရုံဘက်ကတော့မနက်ဖြန် လုပ်ငန်းခွင်မဝင်ရင် အားလုံးအလုပ်ပြုတ်ပြီလို့စာရေးထားတယ်လို့ စာကပ်ထားတယ်လို့ ခုဘဲ အလုပ်သမားတွေ ဖုန်းဆက်‌ပြောပါတယ်” ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) မှ တာဝန်ရှိသူ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့က ပြုလုပ်သည့် ညှိနှိုင်းမှုများတွင် ပြေလည်မှု မရရှိခဲ့ကြောင်း၊ ထို့ပြင် ယနေ့ မေ ၁၄ ရက်တွင်လည်း ထပ်မံညှိနှိုင်းခဲ့ရာ လျော်ကြေးယူသူများလည်းရှိသလို အလုပ်ပြင်ဝင်သူများလည်းရှိပြီး စက်ရုံဘက်မှ မေလ ၁၅ ရက်နေ့တွင် လုပ်ငန်းခွင်အတွင်းပြန်လည်ဝင်ရောက် လုပ်ကိုင်ခြင်းမရှိသည့် အလုပ်သမားများကို အလုပ်ပြုတ်မည်ဖြစ်ဟု စာကပ်ရေးသားထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article