မြ၀တီရှိ ကျားဖြန့်များဂိုဏ်းများနှင့် ပတ်သက်ဖွယ်ရှိသည့် ရဲဗိုလ်ချုပ် ၂ ဦးကို အလုပ်တာဝန် မရှိသည့် (Inactive post) ရာထူးများသို့ ပြောင်းရွှေ့ အရေးယူ
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့်များဂိုဏ်းများနှင့် ပတ်သက်ဆက် နွယ်ဖွယ်ရှိသည့် ရဲဗိုလ်ချုပ် ၂ ဦးကို ထိုင်းကာ ကွယ်ရေးဝန်ကြီးက ထိုင်းရဲဌာနချုပ်ရှိ အလုပ်တာဝန်မရှိတော့သည့် ရာထူးနေရာ (Inactive post) သို့ ပြောင်းရွှေ့ အရေးယူလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
အမှတ် ၅ စစ်ဆေးရေးဌာန၏ အကြီးအကဲရဲဗိုလ်ချုပ် Ekkarath Intaserb ကို ထိုင်းတော်ဝင်ရဲဌာနချုပ်မှ အလုပ်တာဝန်မရှိတော့သည့် ရာထူးသို့ ပြောင်းရွှေ့လိုက်ကြောင်း၊ အဆိုပါ ရဲဗိုလ်ချုပ်မှာ မြဝတီရှိ ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ရှိနေသော ရဲအရာရှိကြီးဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် ထိုင်းလွှတ်တော်အမတ် Rangsiman Romeက မြဝတီမြို့ရှိ ကာစီနိုလောင်းကစားရုံ ၁၇ ခုထက်မနည်းတွင် ထိုင်းစီးပွားရေးသမားများက ပါဝင်နေပြီး ကာစီနိုတစ်ခုမှာ အစိုးရနှင့် နီးစပ်သည့် ထိုင်းရဲဗိုလ်ချုပ်တစ်ဦး ပိုင်ဆိုင်ကြောင်းထောက်ပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ၏ ယနေ့အစောပိုင်းထုတ်ပြန်ချက်တွင် နယ်စပ်ဒေသများမှ တရားမဝင်လုပ်ဆောင်မှုများနှင့် ဆက်စပ်နေသော ပြည်နယ်အရာရှိများကို ဖယ်ရှားရန် အမိန့်ထုတ်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင်၏ အကြီးအကဲ ရဲဗိုလ်ချုပ် Samrit Amkamol ကိုလည်း ထိုင်းတော်ဝင်ရဲဌာနချုပ်ရှိ အလုပ်တာဝန်မရှိသည့် ရာထူးနေရာသို့ ပြောင်းရွှေ့အရေးယူလိုက်ပြီး ၎င်း၏နယ်မြေအတွင်း ရာဇဝတ်ဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့မှုဖြင့် စုံစမ်းစစ်ဆေးရန်ရှိနေကြောင်း သိရှိရသည်။

