30.5 C
Yangon

အာဏာရှင်ဝါဒပြိုလဲကျရန် လူမျိုးပေါင်းစုံ စုပေါင်းဆောင်ရွက်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

Must read

အာဏာရှင်ဝါဒပြိုလဲကျရန် လူမျိုးပေါင်းစုံ စုပေါင်းဆောင်ရွက်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံတွင် လက်ရှိ စစ်အာဏာသိမ်းထားသော အာဏာရှင်ဝါဒပြိုလဲကျရန် ကရင်လူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံ စုပေါင်းဆောင်ရွက်ကြရန် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ တိုက်တွန်းသည်။

ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် ပြောကြား မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ခြင်းဖြင့် တိုင်းပြည်အာဏာကို အဓမ္မလုယူကာ ကရင်အမျိုးသားများနှင့် လူမျိုးစုများ လိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဆန့်ကျင်မျက်ကွယ်ပြုနေကြောင်း၊ ထို့ကြောင့် အာဏာရှင်ဝါဒပြိုလဲစေရန် အားလုံးစုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။

“ဗမာစစ်တပ်ရဲ့ တိုင်းပြည်အာဏာကို အဓမ္မလုယူအာဏာသိမ်းခဲ့တာဟာ ကရင်အမျိုးသားနဲ့ လူမျိုးစုတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်နဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်မျက်ကွယ်ပြုတာပဲဖြစ်ပါတယ်။ လူမျိုးစုတွေဟာ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ဗမာလူမျိုးတွေဟာလည်း ဒီမိုကရေစီလမ်းစဉ်နဲ့ လူမှုဘ၀ကြီးပွားတိုးတက်ရေးကို မျက်ကွယ်ပြုတဲ့ စစ်အာဏာရှင်ဝါဒီတိုရဲ့ အုပ်ချုပ်ရေးကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အာဏာရှင်ဝါဒပြိုလဲကျဖို့ ကျနော်တို့အားလုံး စုပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

KNU အနေဖြင့် မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်ဝါဒကို ကျင့်သုံးနေသူတို့ကို ဆန့်ကျင်ဖယ်ရှားသွားမည်ဖြစ်ပြီး ပြည်သူ လူထု ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းတို့ကို အဟန့်အတားဖြစ်နေသည့် အာဏာရှင်ဝါဒနှင့် သူ၏ဒေါက်တိုင်များကို ဖြိုချ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article